ခရီးစဉ်

A d v e r t i s e m e n t With Us

February 24, 2020

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုရှိရန်လိုဟု ကရင်ပြည်နယ်ခရီးစဉ်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် ငြိမ်းချမ်းနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ပထမလိုတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ရောက်ရှိလာပြီး ကရင်နှစ်သစ်ကူးကွင်းမှာ ဒေသခံပြည်သူ ၂၀၀၀၀ လောက်နဲ့ တွေ့ဆုံပြီး ပြောကြားလိုက်တာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေးဆိုတာ ကိုယ့်စိတ်ထဲက စတာပါ။ မငြိမ်းချမ်းတဲ့နေရာ မငြိမ်းချမ်းချင်တဲ့ပုဂ္ဂိုလ်တွေ စိတ်ထဲက စတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ကျမတို့မှာ ငြိမ်းချမ်းနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ပထမ လိုတယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်ဟာ နှစ်ပေါင်းများစွာ စစ်​ဘေးစစ်ဒဏ်ကို ခံစားလာခဲ့ရတဲ့အတွက် ငြိမ်းချမ်းရေးပဲ အဓိကလိုချင်တယ်လို့ တက်ရောက်လာတဲ့ ဒေသခံတဦးက ပြောပါတယ်။ ကော့ကရိတ်မြို့နယ်၊ လောင်ကိုင်ကျေးရွာ မနန်းလှလှသန်းက “ကျမတို့ငယ်ငယ်ကဆိုရင် စစ်ဘေးစစ်ဒဏ်ကို အရမ်းခံစားရတယ်။ ကျောင်းနေတဲ့ အရွယ်တုန်းကလည်း သေနတ်သံ ဗုံးဒဏ်တွေနဲ့ နေခဲ့ရတယ်။ အဓိက အရမ်းလိုချင်တာက ငြိမ်းချမ်းရေးပဲ”လို့ ပြောပါတယ်။ တွေ့ဆုံပွဲအခမ်းအနားကို ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်အတွင်းက ကရင်၊ ပအိုးဝ် မွန်၊ ရှမ်းစတဲ့ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ကရင်ပြည်နယ် မြဝတီမြို့၊ နေ့လယ်ပိုင်းမှာ လှိုင်းဘွဲ့မြို့တွေက ဒေသခံပြည်သူတွေနဲ့ ဆက်လက်တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အစိုးရသက်တမ်း တနှစ်ကျော်ကာလသာ ကျန်ရှိချိန်မှာ တိုင်းရင်းသားဒေသတွေကို ဆက်တိုက် ခရီးစဉ်တွေ သွားရောက်ပြီး ဒေသခံ လူထုတွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။  ရဲမင်းခေါင်
1 year Ago

January 11, 2020

တရုတ်သမ္မတ ခရီးစဉ်အတွင်း မြန်မာ့ငြိမ်းချမ်းရေးကို တွန်းတင်ပေးနိုင်မည်ဟု မိုင်းလားအဖွဲ့ပြော

မြန်မာနိုင်ငံကို လာရောက်မယ့် တရုတ်သမ္မတရဲ့ အခုခရီးစဉ်ဟာ အရေးပါပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ရှေ့ကို တွန်းတင်ပေးနိုင်လိမ့်မယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားအဖွဲ့က ထုတ်ပြန်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၁၇ နဲ့ ၁၈ ရက်တို့မှာ နှစ်နိုင်ငံ အရေးကိစ္စအတွက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာလိုက်တာကို ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနှစ်ဟာ မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ် ၇၀ ပြည့်ဖြစ်သလို တရုတ်ဟာ ကမ္ဘာမှာ သြဇာကြီးမားတာကြောင့် အခုလို လာရောက်လည်ပတ်တာဟာ မြန်မာ-တရုတ် ချစ်ကြည်ရေး သမိုင်းမှာ အရေးပါတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ မြန်မာ-တရုတ် ပိုးလမ်းမရပ်ဝန်းတခု လမ်းကြောင်းတခု မဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေးမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ကို တွန်းတင်ပေးနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။ ရှမ်းအရှေ့ အထူးဒေသ ၄ အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ အနာဂတ်ပိုပြီး သာယာဝပြောလာဖို့အတွက် ကြိုးစားသွားမယ်လို့လည်း ကတိပြုထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒီအလည်အပတ်ခရီးစဉ်ကနေ မြန်မာ-တရုတ် ချစ်ကြည်ရေးကဏ္ဍသစ်တွေ ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။
1 year Ago
Up