ခရိုအေးရှားနိုင်ငံ မြို့တော် လာဂရက်အနီးမှာ ဒီဇင်ဘာ ၂၉ ရက်က ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၄ အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခဲ့တာကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရတယ်လို့ အယ်ဂျာဇီးယားသတင်းက ဖော်ပြပါတယ်။
ငလျင်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခဲ့တယ်လို့ ဂျာမန်ဘူမိသိပ္ပံ သုတေသန စင်တာ GFZ က ဆိုပါတယ်။
လာဂရက်မြို့တော်ဝန်က မြေငလျင်ကြောင့် ဂလီနာမြို့ထက်ဝက်ဝန်းကျင် ပျက်စီးခဲ့ပြီး အပြိုအပျက်တွေအောက်ကနေ လူတွေကို ဆွဲထုတ်နေတယ်လို့ ပြောဆိုပါတယ်။
မြေငလျင်လှုပ်ခတ်တာကို မြို့တော် လာဂရက် ၊ အိမ်နီးချင်း ဘော့စနီးယား ၊ ဆားဘီးယား နဲ့ အီတလီနိုင်ငံကပင် သိရှိခံစားခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်ကလည်း ခရိုအေးရှားနိုင်ငံအလယ်ပိုင်း ပတ်ထရီနာမြို့ အနီးမှာ ပြင်းအား ၅ ဒသမ ၂ ရှိတဲ့ မြေငလျင် လှုပ်ခဲ့ပါတယ်။ မတ်လတုန်းကလည်း ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်ဟာ လာဂရက်မှာ လှုပ်ခဲ့ပြီး တစ်ယောက်သေဆုံးကာ ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
2 months Ago