စပိန်နိုင်ငံတောင်ပိုင်းရဲတပ်ဖွဲ့ စစ်ဆင်ရေးအတွင်း အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ခရမ်းချဉ်သီး စည်သွတ်ဘူးတွေမှာ ဝှက်သယ်လာတဲ့ မူးယစ်ဆေး ကီလို ၂၀၀ ကို ဖမ်းမိခဲ့ပါတယ်။
ဒီစစ်ဆင်ရေးအတွင်း လစ်သူရေးနီးယားနိုင်ငံသား ၃ ယောက်ကို ဖမ်းဆီးခဲ့တဲ့ ဗွီဒီယိုကိုလည်း အရပ်ဘက် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဧပြီလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်တဲ့ကာလမှာ မူးယစ်ရာဇဝတ်ဂိုဏ်းက ဟန်ပြ ခရီးချဉ်သီး စည်သွတ်ကုမ္ပဏီကို တည်ထောင်ပြီး လစ်သူရေးနီးယားကို ကုန်းကြောင်းက ပို့ဆောင်ပေးနေတာပါ။
အဲဒီမူးယစ်ဂိုဏ်းဟာ အာဏာပိုင်တွေ ချမှတ်ထားတဲ့ ယာဉ်အသွားအလာနဲ့ လော့ဒေါင်း ကန့်သတ်ချက်တွေကို ကျော်လွှားကာ ဥရောပမြောက်ပိုင်းကို ကုန်းကြောင်းကနေ ပစ္စည်းတွေ တင်ပို့ပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မာလာဂါ ကမ်းရိုးတန်းက ဇိမ်ခံအိမ်တလုံးရဲ့ မြေအောက်ခန်းကနေ ဆေးခြောက်ပင် ၇၀၀ ကျော်ကိုလည်း စပိန် အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က သိမ်းဆည်းရရှိတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
11 months Ago