ပြင်သစ်နိုင်ငံအရှေ့ပိုင်း စထရပ်ဘို့ ခရစ္စမတ်ဈေးမှာ တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားကို ဒီဇင်ဘာ ၁၂ ရက်နေ့က ရဲတပ်ဖွဲ့ဟာ ရှာဖွေနေပါတယ်။
သံသယရှိသူဟာ စထရပ်ဘို့မြို့မှာ မွေးဖွားတဲ့ အသက် ၂၉ နှစ်အရွယ် ရှီးစီ ဆိုသူဖြစ်ပြီး သူဟာ လုံခြုံရေးအန္တရာယ် ရှိတာမို့ ထောက်လှမ်းရေးရဲ့ စောင့်ကြည့်ခံစာရင်းထဲ ပါဝင်သူဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့က ဖြစ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး သံသယရှိသူဟာ ထောင်ကျစဉ်ကာလက ဘာသာရေး အစွန်းရောက်စိတ် သွတ်သွင်းခံရတယ်ဆိုပြီး သိထားပါတယ်။
တိုက်ခိုက်နေစဉ်အတွင်း သူဟာ “ဘုရားသခင်သာ အမြင့်မြတ်ဆုံး” ဆိုပြီး အော်ဟစ်ခဲ့တယ်လို့ မျက်မြင်တွေက စုံစမ်းရေးမှူးတွေကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် အမေရိကန်အခြေစိုက် Site ထောက်လှမ်းရေးအဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှု ဖြစ်ပြီးနောက် အိုင်အက်စ် ထောက်ခံသူတွေ အောင်ပွဲခံခဲ့ကြတယ်လို့ ပြောပါတယ်။
4 years Ago