ခရစ္စမတ်ကာလတွင် အချိန်အခါမဟုတ်မိုး ရွာနိုင်

December 25, 2017

ခရစ္စမတ်ကာလတွင် အချိန်အခါမဟုတ်မိုး ရွာနိုင်

  တိုင်ဖွန်းမုန်တိုင်း "တမ်ဘင်" (Tembin) အရှိန်ကြောင့် ခရစ္စမတ်ကာလ  ဒီဇင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အတွင်း ပြည်နယ်တိုင်း ၈ ခုမှာ အချိန်အခါမဟုတ်မိုးတွေ ရွာနိုင်သေးတယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မိုးလေ၀သဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ  တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း "တမ်ဘင်" (Tembin) အရှိန်ကြောင့် တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ  နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ အချိန်အခါ မဟုတ်မိုးရွာခြင်း၊ မိုးထစ်ချုန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းများကို ကြိုတင်သတိပြုနိုင်ဖို့ မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။  
4 years Ago
Up