ခရစ္စပဲလေ့စ်

August 4, 2018

ခရစ္စပဲလေ့စ် တိုက်စစ်မှူး ဇာဟာ မန်ယူအသင်းသို့ ပြောင်းရွှေ့မည်မဟုတ်

ခရစ္စတယ်​ပဲ​လေ့စ်​အသင်းရဲ့ တိုက်​စစ်​မှူး ဇာဟာအ​နေနဲ့ မန်​ချက်​စတာ ယူနိုက်​တက်​အသင်းကို ​ပြန်​လည်​​ပြောင်း​ရွှေ့ဖို့ မရှိဘူးလို့ သိရပါတယ်​။ လက်​ရှိမှာ ချဲလ်​ဆီးအသင်းက​ခေါ်ယူဖို့ ပစ်​မှတ်​ထား​နေတဲ့ တိုက်​စစ်​မှူးအ​နေနဲ့က​တော့ ခရစ္စတယ်​ပဲ​လေ့စ်အသင်းမှာ ဆက်​ရှိနေဖို့ များ​နေပါတယ်​။ တ​ပတ်​လုပ်​ခ​ပေါင်​ ၁၂၅ဝဝဝ နဲ့ စာချုပ်​သစ်​ကမ်းလှမ်းထားခဲ့တဲ့ ပဲ​လေ့စ်​အသင်းဟာ ဇာဟာကို ​အချည်းအနှီးဖြစ်​​စေမယ့် အ​ပြောင်းအ​ရွှေ့တွေ ပြုလုပ်​ခွင့်​ပေးမှာမဟုတ်​ဘူးလို့လည်း ဆိုထားပါတယ်​။ ဇာဟာကို မန်​ချက်​စတာယူနိုက်​တက်​အသင်းက ၂ဝ၁၅ ခုနှစ်​က အငှားချခဲ့​ပေမယ့် အသက်​ ၂ဝ အရွယ်​မှာ ပြန်​လည်​​ခေါ်ယူဖို့ ကြိုးပမ်းခဲ့​ပေမယ့် အခုထိ​ အောင်​မြင်​ခြင်း မရှိသေးပါဘူး။ ဇာဟာကို မန်​ချက်​စတာယူနိုက်​တက်​၊ ချဲလ်​ဆီးအသင်းတို့အပြင်​ အဲဗာတန်​ အသင်းကလည်း​ ခေါ်ယူဖို့ ပစ်​မှတ်​ထားလာခဲ့ပါတယ်​။
3 years Ago
Up