ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး လက်စတာ အမှတ်ပေးဇယားကို ဆက်ဦးဆောင် (ရုပ်သံ)

March 20, 2016

ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး လက်စတာ အမှတ်ပေးဇယားကို ဆက်ဦးဆောင် (ရုပ်သံ)

ပရီးမီးယားလိဂ်မှာ ဦးဆောင်နေတဲ့ လက်စတာအသင်းဟာ မနေ့ညက ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ပြီး အမှတ်ပေးဇယားကို ဆက်ဦးဆောင်နေပါတယ်။ လက်စတာအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းမှာပဲ တိုက်စစ်မှူး ဗာဒီရဲ့ ဖြတ်တင်ဘောကနေ ရီယာ မာရက်ဇ်က သွင်းယူပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်း ထိုးဖောက် ကန်သွင်းခွင့်တွေ ရပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးနဲ့ လွဲခဲ့ရပါတယ်။ ပဲလေ့စ်အသင်းဟာ ဒီဇင်ဘာ ၁၉ ရက် နောက်ပိုင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းသွားပါတယ်။ ဒီပွဲနိုင်တဲ့ လက်စတာက ၆၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဒုတိယ နေရာက တပွဲလျော့ စပါးစ်ကို ၈ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။ ခရစ္စတယ် ပဲလေ့စ်က ၃၃ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up