ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့တဲ့ အာရွန် ဝမ်ဘစ်ဆာခါဟာ ဒီကနေ့မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂျာစီအပြည့်အစုံ ဝတ်ဆင်ပြီး မိတ်ဆက်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆေးစစ်မှုအောင်မြင်ခဲ့တဲ့ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ဟာ မိသားစုနဲ့အတူ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကယ်ရင်တန်ကွင်းကို ရောက်ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ စတူဒီယိုထဲမှာ မိတ်ဆက်ဓာတ်ပုံ ရိုက်ကူးပြီးရင်တော့ အင်တာဗျူးဖြေရမှာဖြစ်ပြီး ပထမအသင်း နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ မိုက်ကယ်ကာရစ်၊ ကီရန်မက်ကီနာတို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ လူငယ် ညာနောက်ခံလူကို ပေါင်သန်း ၅၀ အထိပေးပြီး ခေါ်ယူခဲ့တာနဲ့ ပတ်သက်လို့ ငွေသုံးကြမ်းတယ်လို့ ဝေဖန်နေကြပေမယ့် လာမယ့်ရာသီ အသင်းရဲ့ ညာနောက်ခံလူ နေရာအတွက် အကျိုးရှိနိုင်မယ်လို့ နည်းပြဆိုးလ်ရှားက မျှော်လင့်ထားပါတယ်။
ဒါ့အပြင် ယူနိုက်တက်အနေနဲ့ နောက်ရာသီအတွက် ကစားသမား ၃ ဦး ထပ်မံခေါ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။
လက်ရှိမှာတော့ အာရွန်ဘစ်ဆာခါအပြင် ဆွမ်ဆီး တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ပေါင် ၁၇ သန်းကျော်ပေးပြီး ခေါ်ယူထားပါတယ်။
4 years Ago