ခရစ္စကိုးလ်မန်း

June 11, 2018

ဝေးလ်လက်ရွေးစင်အသင်း နည်းပြဟောင်းကို တရုတ်စူပါလိဂ်ကလပ် နည်းပြအဖြစ်ခန့်

တရုတ်စူပါလိဂ်ကလပ် ဟီဘေးချိုင်းနားဖော်ကျူးအသင်းဟာ ဝေးလ် လက်ရွေးစင်အသင်း နည်းပြဟောင်း ခရစ္စကိုးလ်မန်းကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ကိုးလ်မန်းဟာ ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ချန်ပီယံရှစ်တန်းကနေ တန်းမဆင်းရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ သူဟာ ဆန်းဒါးလန်းကို ကိုင်တွယ်တဲ့ ၂၉ ပွဲမှာ ၅ ပွဲပဲ အနိုင်ရအောင် ကူညီနိုင်ခဲ့ပါတယ်။ ဟီဘေးချိုင်းနားဖော်ကျူးအသင်းဟာ နာမည်ကြီး ကစားသမားအဖြစ် ဘာစီလိုနာ နောက်ခံလူဟောင်း မာရှေယာနိုကို ခေါ်ယူထားပါတယ်။ လောလောဆယ်မှာ ဟီဘေးချိုင်းနားဖော်ကျူးအသင်းဟာ တရုတ်စူပါလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
3 years Ago
Up