ခရစ်တော်

December 24, 2019

ခရစ်တော်ကို စော်ကားထားသည့် ရုပ်ရှင် အွန်လိုင်းမှဖယ်ရှားရန် ဘရာဇီးပြည်သူများ တောင်းဆို

ဘရာဇီး ယူကျူ့ဟာသ ဇာတ်လမ်းထုတ်လုပ်ရေးအဖွဲ့ ပေါ်တာဒစ်ဖွန်ဒူ့စ်အဖွဲ့က "The First Temptation of Christ" နာမည်နဲ့ ဖန်တီးခဲ့တဲ့ ၄၆ မိနစ်ကြာဇာတ်လမ်းဟာ  ခရစ်ယာန်ဘာသာဝင်တွေကို စော်ကားတာမို့ Netflix ကနေ ဖယ်ရှားဖို့ ဘရာဇီးပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။  ဘုရားသခင်ကို ဂေးတဦးအဖြစ် ပုံဖော်ထားတဲ့ Netflix ဟာသဇာတ်လမ်းကို ဘရာဇီးနိုင်ငံတဝန်းမှာ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကို အွန်လိုင်းကနေ ဖယ်ရှားဖို့ ဘရာဇီးပြည်သူ ၂ သန်းနီးပါးက  တောင်းဆိုစာ တင်ခဲ့ပါတယ်။ ဒွန်းမ်ဘော်စကို စင်တာဥက္ကဋ္ဌက “ဒါဟာ ဘုရားသခင်၊ မယ်တော်မာရီနဲ့ သူတော်စင် ဂျိုးဇက်တို့ကို စော်ကားတဲ့လုပ်ရပ် ဖြစ်တယ်”လို့  ပြောပါတယ်။  နောက်ပြီး ဒါဟာ ခရစ်ယာန်ဘာသာကို မယုံကြည်သူတွေ၊ ဘုရားသခင်ကို  မယုံကြည်သူတွေရဲ့လုပ်ရပ် ဖြစ်ပြီး ခရစ်ယာန်ကျောင်းတော်နဲ့ သက်ဝင်ယုံကြည်သူတွေ အပေါ် မလေးစားတဲ့ လုပ်ရပ် ဖြစ်တယ်လို့လည်း  သူက ပြောပါတယ်။ လူဦးရေသန်း ၂၀၀ ခန့်ရှိတဲ့ ဘရာဇီးနိုင်ငံဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းပြီး လိင်တူစိတ်ဝင်စားတာကို မကြိုက်သူတွေ များပြားပါတယ်။   ကက်သလစ်ကျောင်းတော်နဲ့ ဧဝံဂလိ‌ကျောင်းတော်တို့ဟာ LGBT အခွင့်အရေးတွေကို မကြာခဏ ဝေဖန်လေ့ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up