အိန္ဒိယနိုင်ငံ အူထြာပရာဒက်ရှ်ပြည်နယ်မှာ ဟိန္ဒူဘာသာရေး တက်ကြွလှုပ်ရှားတဲ့ ဘဂ်ျရန်ဒယ်လ် အဖွဲ့ဝင်တွေက အမျိုးသားတဦးကို ဆံပင်ရိတ်ကတုံးတုံးပြီး ဇန်န၀ါရီ ၂၉ ရက်က မြို့တွင်း လှည့်လည်ပြသခဲ့ပါတယ်။
အဆိုပါပုဂ္ဂိုလ်ဟာ ဟိန္ဒူဘာသာဝင် ၃ ဦးကို ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းပေးသလို ဘာသာရေးအရ မစားဖို့ တားမြစ်ထားတဲ့ ၀က်သားနဲ့ အမဲသားတွေ စားခိုင်းစေခဲ့တယ်လို့ စွပ်စွဲပြီး ခုလိုလုပ်ဆောင်ခဲ့တာပါ။
အိန္ဒိယ ရုပ်သံတွေမှာတော့ အမျိုးသားတဦးကို လူအုပ်စုက ၀ိုင်းထားပြီး လက်နောက်ပြန် ဒူးထောက် ထိုင်စေကာ ဆံပင်တပိုင်းတစကို သင်တုန်းဓားနဲ့ ရိတ်ကာ မြည်း ပုလေးတကောင်ပေါ် စီးခိုင်းပြီး မြို့တွင်းလည့်လည်ခဲ့တာဖြစ်ပါတယ်။
7 years Ago