ကိုဗစ်-၁၉ ကာကွယ်ဆေးကို ခရစ္စမတ်အံဖွယ်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၄ ရက်မှာ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
ကြိုသွင်းထားတဲ့ ဗွီဒီယိုထဲမှာ သမ္မတ ထရမ့်နဲ့ သမ္မတကတော် မယ်လင်နီယာတို့က အမေရိကန်ပြည်သူတွေကို ခရစ္စမတ် ဆုမွန်ကောင်းပေးပို့ပြီး အရေးပေါ် ကူညီပေးရေး ဝန်ထမ်းတွေ၊ စစ်မှုထမ်းတွေနဲ့ ဆေးဘက်အသိုက်အဝန်းကို လူ့အသက်တွေကို ကယ်တင်ပြီး ကိုဗစ်-၁၉ ကို တိုက်ထုတ်ပေးတဲ့အတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အမေရိကန်ဟာ ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီ ဖြန့်ချိနေပြီး မကြာခင်မှာ ကပ်ရောဂါ ပြီးဆုံးသွားမယ်လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။
ပျော်ရွှင်ဖွယ်ကာလမှာ ကာကွယ်ဆေးဟာ တကယ့်ကို ခရစ္စမတ်အံဖွယ်ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။
သမ္မတ ထရမ့်ဟာ ခရစ္စမတ်အားလပ်ရက်ကို ဖလော်ရီဒါမှာ နေထိုင်သွားမယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
ဒီဇင်ဘာလအတွင်း အမေရိကန်ပြည်သူ သန်း ၂၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ရည်မှန်းထားပြီး အခုထိ လူ ၁ သန်းကျော်ကို ကာကွယ်ဆေးထိုးပြီးပြီလို့လည်း စီအန်အန် သတင်းက ဆိုပါတယ်။
2 months Ago