ခရစ္စမတ်အကြိုည

December 25, 2019

ခရစ္စမတ်အကြိုည ဆန္ဒပြပွဲကို ဟောင်ကောင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲ

ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆင်းမ်ရှာဆွေခရိုင်မှာ ခရစ္စမတ်အကြိုညက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နှင်းရေးရဲတွေက မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ ရက် ဆန္ဒပြပွဲမှာ လူထောင်ချီပါဝင်ပြီး အတော်များများက  ပွဲတော်ရာသီ အထိမ်းအမှတ် သမင်ချိုခေါင်းစွပ်တွေ စွပ်ထားပါတယ်။ ဆန္ဒပြသူတွေက လမ်းပေါ်ထွက် ဆန္ဒပြကြသလို အနီးဝန်းကျင် ရှော့ပင်းမောလ်တွေထဲ  စုဝေးကြတဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်ဖြစ်ခဲ့ပါတယ်။  ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ထီးတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်သလို ရဲတွေကလည်း နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး တုံ့ပြန်ကြပါတယ်။ ဒီလိုနှိမ်နှင်းရာမှာ ရဲတယောက်က ဆန္ဒပြလူအုပ်ကို သေနတ်နဲ့ချိန်  ရွယ်ခဲ့ပေမယ့် ပစ်ခတ်ခဲ့တာတော့ မရှိပါဘူး။ ဟောင်ကောင်ဆန္ဒပြပွဲတွေဟာ အခုဆိုရင် ၇ လမြောက် ရှိလာပြီး အရင်ကလို  အကြမ်းဖက် ထိပ်တိုက်ဖြစ်တာတွေ လျော့နည်းသွားခဲ့ပါတယ်။ ဒီလအတွင်း လုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို လူ ၈ သိန်းလောက် ထောက်ခံ အားပေးခဲ့တယ်လို့ ဆန္ဒပြပွဲ  စီစဉ်သူတွေက ပြောပါတယ်။
2 years Ago
Up