ခရစ္စမတ်လက်ဆောင်ပေးရန်

A d v e r t i s e m e n t With Us

December 24, 2019

ကလေးငယ်များကို ခရစ္စမတ်လက်ဆောင်ပေးရန်  ခရစ္စမတ်ဘိုးဘိုးကြီး ခရီးစထွက်

ကမ္ဘာတဝန်းက ခရစ္စမတ်လက်ဆောင် မျှော်နေကြတဲ့ ကလေးငယ်တွေကို လက်ဆောင်ပေးဖို့ အာတိတ်ဒေသက ခရစ္စမတ်ဘိုးဘိုးကြီးဟာ ခရီးစတင်ထွက်ခွာသွားပါတယ်။ အာတိတ်စက်ဝိုင်းအတွင်း ကျရောက်တဲ့ ဖင်လန်နိုင်ငံ ရိုဗန်နီယမ်မီမြို့လေးက ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ နေအိမ်မှာတော့ ဒီဇင်ဘာ ၂၄ ရက်က  မိသားစုတွေ စုရုံးရောက်ရှိနေပါတယ်။ သူတို့ဟာ ခရစ္စမတ်သီချင်းတွေ နားဆင်ဖို့နဲ့ ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဉာဏ်ပညာစကားကို နာကြားဖို့ ရောက်နေတာပါ။ ခရစ္စမတ်ဘိုးဘိုးကြီးက ဧည့်ပရိသတ်ကို ဖင်လန်နဲ့ အင်္ဂလိပ်ဘာသာစကားတို့နဲ့ ခဏတာ ပြောဆိုပြီးနောက် သူ့ရဲ့ခရီးစဉ် ပထမပိုင်းကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူက မြောက်ဝင်ရိုးစွန်းကို သွားပြီး ကမ္ဘာတဝန်းက ကံထူးရှင် ကလေးငယ်တွေကို ပေးဖို့ သူရဲ့ စွပ်ဖားလှည်းပေါ် လက်ဆောင်တွေ တင်သွားမှာပါ။  အဲဒီနောက်မှာတော့ သူ့ရဲ့ဝင်ရိုးစွန်းသမင်တွေကို ခေါ်ယူပြီး ကလေးငယ်တွေကို လက်ဆောင်ဝေတဲ့ အလုပ်ကို စတင်သွားမှာပါ။ ဒါဟာ ကမ္ဘာတဝန်း ပျော်ရွှင်ခြင်းတွေ ဆောင်ယူလာမယ့် ခရစ္စမတ်အကြို ခရီးစဉ်ကို ထွက်ခွာတာပဲ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
Up