ခရစ္စမတ်ဘိုးဘိုကြီးများ

December 26, 2020

ခရစ္စမတ်ဘိုးဘိုကြီးများ၏ လမ်းဘေးအလှူ (ဓာတ်ပုံ)

ခရစ္စမတ်အထိမ်းအမှတ် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေရှိ ကလေးငယ်တွေနဲ့ လမ်းဘေး နေထိုင်တဲ့ အိမ်ခြေမဲ့တွေအတွက် အစားအစာ၊ အဝတ်အထည်နဲ့ ကစားစရာပစ္စည်းတွေကို ငြိမ်းချမ်းရေးဆိုင်ကယ် စီးကြသူတွေက ဒီဇင်ဘာ ၂၅ ရက်နေ့ညမှာ လှူဒါန်းခဲ့ကြပါတယ်။ ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံ ဝတ်ဆင်ထားသူတွေက ရန်ကုန်မြို့ လှည်းတန်း၊ လှိုင်သာယာ၊ ဗိုလ်အောင်ကျော်လမ်းနဲ့ ဘူတာကြီးနားရှိ အိမ်ခြေရာမဲ့တွေအတွက် အစားအစာ၊ အဝတ်အထည်နဲ့ ကစားစရာပစ္စည်းတွေ လိုက်လံဝေငှခဲ့ကြတာပါ။ အိမ်ခြေရာမဲ့တွေအတွက် လှူဒါန်းတာအပြင် လှည်းတန်းလမ်းဆုံမှာလည်း ပြည်သူတွေကို ကိုဗစ်ကာကွယ်ရေးအတွက် လက်သန့်ဆေးနဲ့ နှာခေါင်းစည်းတွေ လိုက်လံဝေငှခဲ့ကြပါတယ်။ Photo - JPaing / MPA
2 years Ago
Up