ခရစ္စမတ်ပွဲတော်

A d v e r t i s e m e n t With Us

December 26, 2020

ဘွန်ဒီကမ်းခြေတွင် ဆစ်ဒနီမြို့ခံများ ခရစ္စမတ်ပွဲတော် ဆင်နွှဲ

သြစတြေးလျနယ်စပ်တွေကို ပိတ်ထားပြီး ပြည်တွင်းခရီးသွားလုပ်ငန်း အကန့်အသတ်နဲ့ ရှိနေချိန်မှာ ဒီဇင်ဘာလ ၂၅ ရက်က ဆစ်ဒနီမြို့ခံတွေဟာ ကမ္ဘာကျော် ဘွန်ဒီကမ်းခြေမှာ ခရစ္စမတ်အပန်းဖြေခရီးကို ဆင်နွှဲနေကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဧည့်သည်ထောင်ချီ လာတဲ့ ခရစ္စမတ်ကာလ လည်ပတ်ရာ ဘွန်ဒီကမ်းခြေဟာ ရာသီဥတုဆိုးတာနဲ့ ကပ်ရောဂါကြောင့် ကမ်းခြေလာသူတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ နေ့လယ်ပိုင်းမှာတော့ ရေကူး၊ လှိုင်းစီး၊ ခရစ္စမတ်သစ်ပင်ရှေ့ ဓာတ်ပုံရိုက်ကြတဲ့ လူ ၁၀၀ လောက် ရှိပါတယ်။ ဗြိတိန် ကမ္ဘာလှည့်ခရီးသည်တစ်ဦးကလည်း အိမ်ကို လွမ်းပေမယ့် အခုချိန်မှာ သြစတြေးလျထက် ပိုကောင်းတဲ့နေရာ မရှိပါဘူးလို့ ပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့ယှဉ်ရင် သြစတြေးလျဟာ ကိုဗစ်-၁၉ ကူးစက်သူရော သေဆုံးသူ အရေအတွက်ပါ နည်းပါးပါတယ်။ သြစတြေးလျမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၂၈,၃၀၀ အောက်နဲ့ သေဆုံးသူ စုစုပေါင်း ၉၀၈ ယောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 months Ago

December 20, 2019

၃ ကြိမ်မြောက် ခရစ္စမတ်ပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပမည်

၃ ကြိမ်မြောက် ခရစ္စမတ်ပွဲတော်ကို ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ၂၅ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ပွဲကျင်းပရေး တာဝန်ခံတွေက ပြောပါတယ်။ ရန်ကုန်မြို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတလျှောက် ရွှေတိဂုံဘုရားလမ်းကနေ သိမ်ဖြူလမ်းထိပ်အထိ၊ ဧမာနွေလ ဘုရားကျောင်းရှေ့ (မဟာဗန္ဓုလပန်းခြံ)၊ အလုံမြို့နယ်အတွင်းမှာရှိတဲ့ သခင်မြပန်းခြံနဲ့ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းပန်းခြံတွေမှာ ၃ ရက်ကြာ ကျင်းပသွားမယ်လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က စိန်မေရီကာသီဒြယ် ဘုရားကျောင်းမှာ ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပွဲကျင်းပရေး တာဝန်ခံတွေက ပြောခဲ့တာပါ။  ဖွင့်ပွဲကို ဗိုလ်ချုပ်လမ်းမှာရှိတဲ့ Holy Trinity Anglican Yangon ဘုရားကျောင်းအရှေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲတော်ကာလ အတွင်းမှာ တေးဂီဖျော်ဖြေပွဲအစီအစဉ်တွေ နဲ့ စတုဒိသာ အကျွေးအမွေးအစီအစဉ်တွေလည်း ပါဝင်ပြီး မည်သူမဆို ခရစ္စမတ်ပွဲတော် ပါဝင်ဆင်နွှဲဖို့ကိုလည်း ပွဲကျင်းပရေးတာဝန်ခံတွေက ဖိတ်ခေါ်ထားပါတယ်။  ဒါအပြင် သက်ဆိုင်ရာ ဘုရားကျောင်းတွေအတွင်းကိုလည်း လေ့လာလည်ပတ်နိုင်မှာလည်း ဖြစ်ပြီး ရန်ကုန် ခရစ္စမတ်ပွဲတော်ကို ၂၀၁၇ ခုနှစ်ကတည်းက ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
1 year Ago
Up