ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်

December 20, 2020

ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက် အီတလီတနိုင်ငံလုံး အသွားအလာကန့်သတ်မည်

အီတလီနိုင်ငံမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးအများပြည်သူ အားလပ်ရက် အများစုအတွက် ပြည်လုံးကျွတ် အသွားအလာ ပိတ်ဆို့ ကန့်သတ်တော့မယ်လို့ ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၈ရက်မှာ ကြေညာလိုက်ပါတယ်။  “ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံဦးရေ အသစ်တွေ တိုးလာတာကို ဟန့်တားဖို့ အစိုးရက ကြိုးစားနေတာပါ။ ကျနော်တို့ ကြားဖြတ် ဟန့်တားရမယ်။ ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းကောင်း ကာကွယ်ဖို့ လာမယ့် အားလပ်ရက်တွေ အတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို အားဖြည့်ဖို့ ဒါဟာ နာကျင်ရတဲ့ ဆုံးဖြတ်ချက်ပါ” လို့ ဝန်ကြီးချုပ် ကွန်တေက သတင်းထောက်တွေကို ပြောပါတယ်။  “အိပ်မက်ဆိုးကြီးက ပြီးတော့မှာပါ။ ကျနော်တို့မှာ ကန့်သတ်ချက်တွေ ရှိပေမဲ့ ဒီဇင်ဘာ ၂၇ ရက်က စပြီး ကာကွယ်ဆေး ထိုးမယ့်နေ့က နီးလာပါပြီ” လို့လည်း ဝန်ကြီးချုပ်က ဆက်ပြော ပါတယ်။  ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ တခြား ဥရောပ ငါးနိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို စထိုးဖို့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒီဇင်ဘာ ၁၇ ရက်က ကြေညာခဲ့ပါတယ်။  အီတလီဟာ ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးကို ကနဦး အနေနဲ့ အလုံးရေ ၁ ဒသမ ၈၃ သန်းကို ရဖို့ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။   
4 months Ago
Up