ပြီးခဲ့တဲ့ ခရစ္စမတ်နေ့က ဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံ နက်ရှ်ဗီးလ်မြို့လယ်ကောင် ပေါက်ကွဲမှု CCTV ရုပ်သံဖိုင်ကို ဒီဇင်ဘာ ၂၈ ရက်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့အစောပိုင်းမှာ ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သံသယဖြစ်ဖွယ် ဖောက်ခွဲမှုကျူးလွန်သူ သေဆုံးတယ်လို့ ထပ်မံဖော်ပြ ပါတယ်။
သံသယဖြစ်ဖွယ်ဖောက်ခွဲသူဟာ အသက် ၆၃ နှစ်အရွယ် အန်သိုနီ ကျူဝါနာဆိုသူ ဖြစ်တယ်လို့ ဒီဇင်ဘာ ၂၇ ရက်မှာ အက်ဖ်ဘီအိုင်က ထုတ်ပြန်ပါတယ်။ ဝါနာဟာ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တယ်လို့လည်း အက်ဖ်ဘီအိုင်က ဆိုပါတယ်။
ဗုံးခွဲမှု နောက်ကွယ်က ရည်ရွယ်ချက်ကို အက်ဖ်ဘီအိုင် ၊ ပြည်နယ်နဲ့ ဒေသရဲတပ်ဖွဲ့တွေက စုံစမ်းနေဆဲဖြစ်ပြီး ဝါနာအသေခံဗုံးခွဲရတာနဲ့ပတ်သက်တဲ့ တိကျတဲ့ သဲလွန်စတွေကို မတွေ့ရ သေးပါဘူး။
ပေါက်ကွဲမှုကြောင့် နက်ရှ်ဗီးလ်မြို့လယ်ကောင်က ဆိုင်ခန်းပေါင်း ၄၀ ကျော် ပျက်စီးခဲ့ တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 months Ago