ခရစ္စမတ်ကာလ စည်းကမ်းချိုးဖောက်မှု

A d v e r t i s e m e n t With Us

January 3, 2021

ခရစ္စမတ်ကာလ စည်းကမ်းချိုးဖောက်ခဲ့ခြင်းအပေါ် လာမယ်လာ ပြန်တောင်းပန်

ခရစ္စမတ်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့မိတာနဲ့ ပတ်သက်လို့ စပါးကစားသမား အဲရစ်လာမယ်လာက ပြန်လည် တောင်းပန်ခဲ့ပါတယ်။ တိုက်စစ်ကစားသမားဟာ အသင်းဖော်တွေဖြစ်တဲ့ ရယ်ဂီလွန်၊ လိုဆယ်လိုတို့အပြင် ဝက်စ်ဟမ်း ကစားသမား လန်ဇီနီတို့နဲ့အတူ လက်ရှိ ကိုဗစ်-၁၉  ဆိုင်ရာ သတ်မှတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ ခရစ္စမတ်ပါတီတစ်ခုကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လာမယ်လာဟာ လိဒ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရသလို တွစ်တာကနေတဆင့်လည်း ပွဲအပြီးမှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ “ခရစ္စမတ်မှာ ကျနော်လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဆိုးဆိုးရွားရွား နောင်တရမှုနဲ့အတူ တောင်းပန်ချင်ပါတယ်။ ဒါဟာ ကျနော်လုပ်ခဲ့တာ ဘယ်လောက်ဆိုးရွားလဲဆိုတာနဲ့ တခြားလူတွေအပေါ် ဘယ်လောက်အထိ ဆိုးကျိုးဖြစ်နိုင်တာကို နားလည်လက်ခံတာကြောင့်ပါ။ ကျနော်တို့ ဘေးကင်းဖို့ ဆောင်ရွက်ပေးနေတဲ့ လူတိုင်းကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ လူတွေကို စိတ်ပျက်အောင် လုပ်မိခဲ့တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်။” ကိုဗစ်ကာလမှာ ဒီလိုမျိုး ကစားသမားတွေ စုဝေးမှုရှိခဲ့ခြင်းအပေါ် စိတ်ပျက်မိတယ်လို့လည်း စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ ကစားသမားတွေ အပြုအမူအတွက် ဒေါသထွက်သလားလို့ ပွဲအပြီး သတင်းထောက်တွေနဲ့ မေးမြန်းမှုကို စိတ်ပျက်တာထက် ပိုပြောချင်ပါတယ်လို့ မော်ရင်ဟိုက ပြန်လည်ဖြေကြားလိုက်တာလည်း ဖြစ်ပါတယ်။ စပါးအသင်းဟာ လိဒ်နဲ့ပွဲမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ရယ်ဂီလွန်၊ လိုဆယ်လိုနဲ့ လာမယ်လာတို့ရဲ့ လုပ်ရပ်ဟာ ကျန်အသင်းသားတွေအပေါ် ထိခိုက်မှုမရှိခဲ့ဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် စပါးအသင်းဟာလည်း လိဂ်ပွဲ ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပြီး မော်ရင်ဟိုကတော့ သူ့အသင်းသားတွေ လိဒ်နဲ့ပွဲကို ရင်ဆိုင်သွားတဲ့ ပုံစံအတွက် ကျေနပ်မိတယ်လို့ ပြောပါတယ်။
2 months Ago
Up