တော့တင်ဟမ် ဟော့စပါးစ်အသင်းကတော့ အဝေးကွင်းမှာ နောက်ကနေ လိုက်ကစားပြီး ခရစ်စတယ် ပဲလေ့စ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ခရစ်စတယ် ပဲလေ့စ်အတွက် ဦးဆောင်ဂိုးကို မိနစ် ၃၀ မှာ တဖက် ကစားသမား ဗာတွန်ဂန် ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ အဝေးကွင်း ဖြစ်ပေမယ့် စပါးစ်အသင်း ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေမှာလည်း ပိုရခဲ့ပါတယ်။
ချေပဂိုးကို ၆၃ မိနစ်မှာ တိုက်စစ်မှူး ကိန်းက သွင်းယူပါတယ်။ ဒုတိယဂိုးကို ၈၄ မိနစ်မှာ အယ်လီက သွင်းယူပြီး နောက်ဆုံး အပိတ်ဂိုးကို မိနစ် ၉၀ မှာ ချာဒီက သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ စပါးစ်အသင်းက ပရီးမီးယားလိဂ်မှာ ၁၁ ပွဲအထိ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ စပါးစ်က ၄၂ မှတ်နဲ့ အဆင့် ၄ မှာ ရှိနေပြီး ခရစ်စတယ်ပဲလေ့စ်က ၃၁ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
7 years Ago