ခရစ်စတယ်ပဲလေ့စ်

April 15, 2019

မန်စီးတီးက အဝေးကွင်းမှာ ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ဂိုးဖြင့် အနိုင်ရ -ရုပ်သံ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ခရစ်စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၅ မိနစ်မှာ တိုက်စစ်မှူး စတာလင်းက သွင်းယူခဲ့သလို ဒုတိယဂိုးကိုလည်း တိုက်စစ်မှူး စတာလင်းကပဲ ၆၃ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြ ကစားနိုင်တဲ့ တိုက်စစ်မှူး စတာလင်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ခရစ်စတယ်ပဲလေ့စ်အတွက် ချေပဂိုး ၁ဂိုးကို ၈၁ မိနစ်မှာ မီလီဘိုဂျီဗစ်က သွင်းယူပါတယ်။ မန်စီးတီးအတွက် အပိတ်ဂိုးကို မိနစ် ၉၀ မှာ တိုက်စစ်မှူး ဂျီးဆက်က သွင်းယူပါတယ်။ အဝေးကွင်းဖြစ်ပေမယ့်လည်း မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက တပွဲလျော့ ကစားထားပြီး ၈၃ မှတ်နဲ့  အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ လီဗာပူးရဲ့နောက်မှာ ရပ်တည်နေပါတယ်။
3 years Ago

July 13, 2015

ပီအက်စ်ဂျီ ကွင်းလယ်လူ ကာဘာရီ ခရစ်စတယ်ပဲလေ့စ် ပြောင်းရွှေ့

ပရီးမီးယားလိဂ်ကလပ် ခရစ်စတယ်ပဲလေ့စ်က ပြင်သစ်ကလပ် ပီအက်စ်ဂျီ ကွင်းလယ်သမား ရိုဟန် ကာဘာရီကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်က အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းကျော်ပေးပြီး  ကွင်းလယ်လူ ကာဘာရီကို ခေါ်ယူလိုက်တာပါ။ အသက် ၂၉ နှစ်အရွယ် ပြင်သစ် ကွင်းလယ်ကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ ခြေစွမ်းအပေါ် မူတည်ပြီး ပေါင် ၁၃ သန်းအထိ ပေးရမှာ ဖြစ်ပါတယ်။ ကာဘာရီဟာ ၂၀၁၁ ကနေ ၂၀၁၄ အထိ နယူးကာဆယ်အသင်းမှာ ကစားခဲ့ပြီး မနှစ်က ဘောလုံးရာသီမှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တာပါ။ ပီအက်စ်ဂျီမှာ ပုံမှန် ပွဲထွက်ကစားခွင့် မရတဲ့အတွက် ခရစ်စတယ်ပဲလေ့စ်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၃၈ ပွဲ ကစားပေးထားပြီး ၃ ဂိုး သွင်းပေးထားပါတယ်။ ကာဘာရီရဲ့ အသင်းသစ် ခရစ်စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီ အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာက ရပ်တည်နိုင်ခဲ့ပါတယ်။
6 years Ago
Up