ရုရှားအားကစားအဖွဲ့ချုပ်ဟာ ခရစ်ကတ်နဲ့ မွေထိုင်းတို့ကို အားကစားနည်းတွေအဖြစ် မသတ်မှတ်ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။
မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားခရစ်ကတ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ နယူးဇီလန်အသင်းကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ပြီးတော့ နိုင်ငံမီဒီယာတွေမှာ ဂုဏ်ယူဖော်ပြပြီးချိန် ရုရှားနိုင်ငံက အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရသတင်းတွေမှာတော့ ခရစ်ကတ်နဲ့ မွေထိုင်းကို လုံးဝပိတ်ပင်ခဲ့တာ မဟုတ်ပေမယ့် နိုင်ငံအားကစားအဖွဲ့ချုပ်ဘက်ကတော့ ထောက်ပံ့မှုတစုံတရာပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ခရစ်ကတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကိုတော့ သြစတြေးလျအသင်းက ၅ ကြိမ်ထိရရှိထားပြီး အိန္ဒိယအသင်းက ၂ ကြိမ်၊ အနောက်အိန္ဒိယက ၂ ကြိမ်၊ အင်္ဂလန်က ၁ ကြိမ်၊ ပါကစ္စတန်က ၁ ကြိမ်၊ သီရိလင်္ကာက ၁ ကြိမ် ရရှိထားပါတယ်။
ဒါ့ကြောင့် ရုရှားက လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ခရစ္စကတ်ဟာ တကမ္ဘာလုံးမှာ ၂ ဘီလီယံလောက် ပရိသတ်ရှိနေပြီးတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဗြိတိန်ဒေသတချို့မှာ လူကြိုက်များတဲ့ အားကစားနည်းဖြစ်နေတာကြောင့် အန်ဂလို ဆက်ဆွန်တွေရဲ့ ပြိုင်ပွဲဖြစ်လာလိမ့်မယ်ဆိုပြီး လှောင်ပြောင်ရေးသားတာတွေလည်း ရှိနေပါတယ်။
အန်ဂလိုဆက်ဆွန်ဆိုတာကတော့ ၅ ရာစုကနေ ၁၀ ရာစုကျော်လောက်ထိ အင်္ဂလန်နယ်စပ်နဲ့ ဝေးလ်စ်နိုင်ငံတို့မှာ အခြေချခဲ့တဲ့ လူမျိုးတွေကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။
2 years Ago