မြန်မာခရစ်ကက်အားကစားအဖွဲ့အနေနဲ့ လာမယ့် မလေးရှားဆီးဂိမ်းမှာ ပထမဆုံး ထည့်သွင်းကျင်းပမယ့် ခရစ်ကက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အနည်းဆုံး ဆုတံဆိပ်တခု ဆွတ်ခူးပေးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
လာမယ့်ဆီးဂိမ်းကို ကစားသမား ၁၅ ဦးနဲ့ သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတွေနဲ့ အဓိကထား ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းအနေနဲ့ အပစ်နဲ့ အဖမ်းပိုင်းမှာ အားသာချက်တချို့ ရှိနေတယ်ဆိုပေမယ့် နိုင်ငံ ၈ နိုင်ငံ ပတ်လည်ယှဉ်ပြိုင်ရမှာဖြစ်လို့ ရုန်းကန်ရနိုင်တယ်လို့ အသင်းသားတွေက ဆိုပါတယ်။
ခရစ်ကက်ကစားနည်းဟာ အင်္ဂလန်နိုင်ငံကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ်လောက်က စတင်ပြီး ပေါ်ထွက်လာခဲ့ပေမယ့် ပရိသတ်စိတ်ဝင်စားမှုတော့ သိပ်မရှိသေးတဲ့ ကစားနည်းပါ။
ဒါပေမယ့် တိုင်းနဲ့ပြည်နယ်အလိုက် ခရစ်ကက်သင်တန်းတွေ ပြုလုပ်နေသလို ပြိုင်ပွဲတွေလည်း ပြုလုပ်ပေးနေပါတယ်။
6 years Ago