ခရက်ဒစ်ကတ်ကို

April 7, 2017

ခရက်ဒစ်ကတ်ကို ငြင်းပယ်သည့် ဆိုင်ဝန်ထမ်းအား ဈေးဝယ်အမျိုးသားက တိုက်ခိုက် (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စတိုးဆိုင်တဆိုင်ထဲမှာ ဈေးဝယ်အမျိုးသားတဦးက သူ့ရဲ့ ခရက်ဒစ်ကတ်ကို ငြင်းပယ်ခဲ့တဲ့ ဆိုင်ဝန်ထမ်းကို ထိုးကြိတ်တိုက်ခိုက်ကာ ရန်ရှာခဲ့ပါတယ်။ အဲဒီဈေးဝယ်အမျိုးသားဟာ 7-Eleven စတိုးဆိုင်ထဲကို ၀င်လာခဲ့ပြီး သကြားလုံး တထုပ်ဝယ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ကျသင့်ငွေ ဆင့် ၇၀ ကို ပေးချေဖို့ ခရက်ဒစ်ကတ်ကို ပေးချိန်မှာတော့ ဆိုင်ဝန်ထမ်းက ငြင်းပယ်ခဲ့လို့ စိတ်ဆိုးဒေါသထွက်ခဲ့တာပါ။ သူဟာ စတိုးဆိုင်ဝန်ထမ်းကို လက်သီးနဲ့ ထိုးကြိတ်ခဲ့ပြီးနောက်မှာ သူ့ရဲ့ ရှေ့က ကွန်ပျူတာတွေနဲ့ စားပွဲပေါ်က မြင်မြင်သမျှအရာတွေကို တွန်းချဖျက်ဆီးခဲ့တာပါ။ အဲဒီနောက် အနီးနား နောက်ငွေရှင်းကောင်တာတခုက ၀န်ထမ်းကိုလည်း ထိုးနှက်ဖို့ ကြိုးစားခဲ့ပြီး ပစ္စည်းတွေကို တွန်းချကာ ဆိုင်ထဲက ထွက်သွားခဲ့တာကို တွေ့ရပါ တယ်။ ရဲသတင်းထုတ်ပြန်ချက်ထဲမှာတော့ အဆိုပါအမျိုးသားဟာ ငွေရှင်းကောင်တာမှ ၀န်ထမ်းကို လက်သီးနဲ့ထိုးခဲ့ပြီး ပရင်တာနဲ့ ကွန်ပျူတာတွေကို ကြမ်းပြင်ပေါ်တွန်းချခဲ့ကာ တခြား ၀န်ထမ်းတဦးရဲ့ ရှေ့က ကွန်ပျူတာကိုလည်း တွန်းချဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရဲက ထုတ်လွှင့်ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။
4 years Ago
Up