ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့က ဒေသခံတွေဟာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွါခွါနေပြီး ဈေးဝယ်ထွက်ကြတဲ့ နည်းလမ်းသစ် တစ်ခု ရှာတွေ့သွားပါပြီ။
ဈေးသည်နဲ့ ဈေးဝယ်သူ အကြား ၆ ပေ မြင့်တဲ့ ပလတ်စတစ် တံတိုင်းတွေ ကာရံထားပြီး ဈေးဝယ်တွေက ပလတ်စတစ် ထိုင်ခုံပေါ်တက် ၊ မိုဘိုင်းဖုန်းတွေ သုံးပြီး ဝယ်ယူကြတာပါ။
ဈေးသည် တစ်ဦးကလည်း အခုလို တစ်ဦးနဲ့ တစ်ဦးကြား ခပ်ခွါခွါ ရှိတဲ့အတွက် ပိုအန္တရာယ်ကင်းတယ်လို ပြောပါတယ်။ တကယ်လို့ လူတွေက စုပြုံတိုးဝှေ့ပြီး ဈေးဝယ်မယ်ဆိုရင် သူတို့လည်း ဆိုင်ထွက်ရဲမှာ မဟုတ်ဘူးလို့ အဲဒီ ဈေးသည်က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်မြို့မှာ ဇန်နဝါရီလနှောင်းပိုင်းကစလို့ ဈေးဆိုင်တွေကို ပိတ်ဆို့ပြီး အကန့်လေးတွေ ပိုင်းခြားကာ အကာအရံတွေ စိုက်ထူခဲ့ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် အိမ်မှာ နေခိုင်းတဲ့ ညွှန်ကြားချက်တွေကို လူတွေ လိုက်နာ ၊ မလိုက်နာ အလွယ် တကူစောင့်ကြည့်နိုင်သလို ဒေသခံတွေကို အွန်လိုင်းက မှာယူမှုတွေ အပေါ် လုံးလုံးလျားလျား မှီခိုသွားစေပါတယ်။
အခုဆိုရင် တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်တွေ့ရှိမှု သိသိသာသာ ကျဆင်းလာတာမို့ ကန့်သတ်ချက်တွေကို စတင် ဖြေလျှော့ပေးနေပါတယ်။ ဒါကြောင့် ဝူဟန်မြို့ လူတချို့ဟာ အိမ်ပြင်ထွက်ပြိး ခါတိုင်းဝယ်နေကျအတိုင်း ဈေးဝယ်ထွက်နေတာကို ရိုက်တာသတင်းမှာ မြင်တွေ့ရပါတယ်။
11 months Ago