ခန့်အပ်

January 20, 2018

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ်

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ်တာဝန်ပေး လိုက်ကြောင်း သမ္မတရုံးက ဇန်န၀ါရီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၃၂၊ ပုဒ်မ-၂၃၅၊ ပုဒ်မခွဲ(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ပြဋ္ဌာန်းချက်အရ ခန့်အပ်တာဝန် ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဦးဟန်ဇော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနနှစ်ခု တာဝန်ယူထားတဲ့ ၀န်ကြီးဦးဝင်းခိုင်ကိုတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တခုတည်းရဲ့ ၀န်ကြီးအဖြစ် တာဝန်ပေးလိုက်တာပါ။
4 years Ago

August 6, 2017

တူရကီလက်ရွေးစင်ဘောလုံးအသင်း နည်းပြအဖြစ် လူဆက်စကူကို ခန့်အပ်

တူရကီဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင် ဘောလုံးအသင်း နည်းပြအဖြစ် ယူကရိန်းကလပ် ရှာတာ ဒွန်းတက်ခ် နည်းပြဟောင်း လူဆက်စကူကို ခန့်အပ်လိုက်ပါတယ်။ နည်းပြဟောင်းနဲ့ လမ်းခွဲအပြီးမှာ တူရကီအသင်းက နည်းပြသစ်နဲ့ အစားထိုးလိုက်တာပါ။ ရိုမေးနီးယားလူမျိုး နည်းပြ လူဆက်စကူဟာ ရှာတာဒွန်းတက်ခ် အသင်းမှာ ၁၂ နှစ်ကြာ တာဝန်ယူခဲ့ပြီး ပြည်တွင်း အမှတ်ပေးလိဂ်ဖလား ၈ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေဖလားကို ၂၀၀၉ မှာ ရယူနိုင်ခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ် နည်းပြဟာ ရိုမေးနီးယား လက်ရွေးစင်အသင်းကို တာဝန်ယူခဲ့ဖူးသလို အင်တာမီလန်၊ ဂါလာတာစာရေနဲ့ ဘီဆစ်တက်အသင်းတွေကိုလည်း ကိုင်တွယ်ခဲ့ပါတယ်။
4 years Ago
More News
Up