ခန့်မှန်း

October 8, 2017

မန်ယူက ဖယ်လိုင်နီကို ၂ စာချုပ်သက်တမ်းတိုးမည်ဟု ခန့်မှန်း

မန်ချက်စတာယူနိုက်အသင်းက ကွင်းလယ်သမား ဖယ်လိုင်နီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ယုံကြည်မှုအပြည့် ရှိနေပါတယ်။ အသက် ၃၀ အရွယ် ဖယ်လိုင်နီရဲ့ စာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီအဆုံး ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင်ဟာ ဒီနှစ်ရာသီထဲမှာ ခြေစွမ်းပြနေပြီး နည်းပြ မော်ရင်ဟိုရဲ့ ပွဲထွက်လူစာရင်းမှာ ကစားခွင့်ရနေပါတယ်။ လောလောဆယ် ကွင်းလယ်သမား ပေါဘာ ဒဏ်ရာရနေတဲ့အတွက် နည်းပြက ဖယ်လိုင်နီကို ပုံမှန်ပွဲထွက်ခွင့်အတွက် အသုံးပြုနေပါတယ်။ မန်ယူက ဖယ်လိုင်နီကို ၂ နှစ်စာချုပ်နဲ့ သက်တမ်းတိုးလိမ့်မယ်ဆိုပြီး ခန့်မှန်းနေပါတယ်။ ဖယ်လိုင်နီဟာ လောလောဆယ်မှာ မန်ယူအတွက် ၄ ဂိုး သွင်းယူပေးထားပါတယ်။
4 years Ago
Up