ခန့်စည်သူ

June 7, 2019

ခန့်စည်သူ၊ အောင်ရဲလင်း၊ အိချောပိုနှင့် ပက်ထရစ်ရှာတို့ပါဝင်သည့် ကောင်းကင်တစ်ခုအလိုရှိ သည်ရုပ်ရှင်(နမူနာ)

သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ အောင်ရဲလင်း၊ အိချောပိုနဲ့ ပက်ထရစ်ရှာတို့ ခေါင်းဆောင် ပါဝင်ထားကြတဲ့ ကောင်းကင်တစ်ခု အလိုရှိသည် ရုပ်ရှင်ကို လာမယ့် ဇွန်လ ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွန်း ထားထား (ဆေးတက္ကသိုလ်) ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ပုံဖော်ရိုက်ကူး ပေးထားတာပါ။ အချစ်နဲ့ မေတ္တာတရားကြား ပူလောင်မှုနဲ့ အေးချမ်းမှုတွေကို နှို်င်းယှဉ်ရိုက်ကူးပြထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ချစ်သူစုံတွဲတွေကြားမှာ သံသယ၊ ပကာသန၊ အာဃာ တတရားတွေ စွက်လာချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို လေးပွင့်ဆိုင် အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ရိုက်ကူးထားခဲ့တာဖြစ်ပြီး ခုမှ ရုံတင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အမိုက်စား ဒိုင်ယာလော့ဂ်တွေနဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းနီးပါး ရှိနေပါတယ်။
2 years Ago

April 5, 2019

ခန့်စည်သူ၊ ရွှေမှုံရတီ၊ ယုသန္တာတင်တို့ ပါဝင်သည့် အချစ်ဟာသရုပ်ရှင်-နှစ်မင်္ဂလာ(နမူနာ)

နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ရွှေမှုံရတီနဲ့ ယုသန္တာတင်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ နှစ်မင်္ဂလာအမည်ရတဲ့ ရုပ်ရှင်ကို ဒီကနေ့ စတင်ပြီး ရုံတင်ပြသနေပါတယ်။ အချစ်ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ပါဝါကင်းရုပ်ရှင် ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ဖို့ပြင်ဆင်နေရင်းကနေ ထင်မှတ်မထားတဲ့ အန္တရာယ်တစ်ခုကြောင့် တခြားဘုံဘ၀ကိုရောက်ရှိသွားကာ လူ့ဘ၀က သတို့သမီး၊ ၀ိညာဉ်ဘ၀က သတို့ သမီး ၂ ယောက်ကြား ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာကို ဗျာများနေရတဲ့ သတို့သား လူပျို ကြီးတင်မောင်ရဲ့ အလွဲအချော်၊ ကမောက်ကမဖြစ်ရပ်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဒိန်းဒေါင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကျော်ထူး၊ ဆင်မစတဲ့ ဟာ သသရုပ်ဆောင်တွေနဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
2 years Ago
Up