ခန္တီး

December 5, 2021

ခန္တီးတွင် ဓာတ်ဆီနှင့်ကုန်စည်များ ပြတ်လပ်၊ သစ်မှောင်ခို ရေယာဉ်တစ်စီးကို ဆားလင်းကြီး PDF မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်တင်မော်တော်တွေ သွားလာစုန်ဆန်လို့မရဘဲ ပိတ်မိနေတာကြောင့် ခန္တီးမြို့မှာ ဓာတ်ဆီနဲ့ ကုန်စည်တွေ ပြတ်လပ်ပြီး ဈေးတက်နေတယ်လို့ သိရပါတယ်​။

“အခု ခန္တီးမှာ ကုန်စည်တွေ ပြတ်လပ်နေပြီ၊ မုံရွာကနေ ကုန်တင်စက်လှေတွေ မထွက်တာ ရက်ပေါင်း ၂၀ ကျော်၊ အခု ခန္တီးမြို့မှာ ဓာတ်ဆီတွေပြတ်နေပြီ၊ ဝယ်လို့မရဘူး။ ဒီနေ့ဆို ဓာတ်ဆီရောင်းတဲ့ ဆိုင်တွေ သွားဝယ်မရဘူးခဲ့ဘူး၊ ဆိုင်ကယ်စီးဖို့ဝယ်တာကိုမရဘူး။ အခုဆို ခန္တီတစ်မြို့လုံးနီးပါး ဓာတ်ဆီဝယ်မရတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကုန်သည်တစ်ဦးက "အခု ကျနော်တို့ဆီမှာ ဓာတ်ဆီကရောင်းဖို့ မရှိတော့ဘူး။ ဓာတ်ဆီပြတ်လပ်သွားတယ်၊ ကုန်တင်စက်လှေတွေက မုံရွာကနေ ထွက်လို့ မရဘူး၊ ချင်းတွင်းမြစ်ကြောင်း ပိတ်ထားတယ်။ အဲလိုပိတ်ထားမယ်ဆို ရင် ဝေးလံတဲ့ ခန္တီးအတွက် ကုန်စည်ပြတ်လပ်မှုဖြစ်ပေါ်ပြီး အခြေခံပြည်သူတွေအတွက် ထိခိုက်လာနိုင်တယ်” လို့ ပြောပါတယ်။

ခန္တီးမြို့မှာ ဓာတ်ဆီတစ်ဂါလန် ၁ သောင်းထိ စျေးနူန်းမြင့်တက်နေကာ ဝယ်လို့မရထိ ဖြစ်နေပြီး အခြားစားကုန်သောက်ကုန်တွေ ပြတ်လပ်လာတယ်လို့ ဆိုပါတယ်။

ခန္တီးမြို့ဟာ ရေကြောင်းကို အဓိက အသုံးပြုနေတာဖြစ်ပြီး ကုန်တင်စက်လှေတွေ ပိတ်ထားမူကြောင့် အခြေခံစားကုန်တွေလည်း ပြတ်လပ်လာပြီး ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း ကနီနဲ့ မင်းကင်းကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မုံရွာ-ခန္တီး၊   မုံရွာ-ဟုမ္မလင်း ကုန်တင်ရေယာဉ်တွေ အစုန် အဆန်မပြုလုပ်ဖို့ မုံရွာ MPDF က နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ သစ်မှောင်ခိုသယ် မော်တော်ရေယာဉ်တစ်စီးကို ဆားလင်းကြီး G-Z local PDF က မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်သစ်ခိုးထုတ်လုပ်တာတွေ များလာပြီး  ပြီးခဲ့ရက်ပိုင်းက ကောလင်း PDF က သစ်ခိုးထုတ်လာတဲ့ ကား ၄ စီးကို ဖမ်းဆီးဖျက်ဆီးခဲ့ပါတယ်။

2 months Ago

July 9, 2021

ခန္တီးမြို့တွင် စာသင်ကျောင်းများနှင့် မင်္ဂလာစျေးပိတ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၇ ယောက်တွေ့ရှိပြီးနောက် မြို့ပေါ်ရှိ စာသင်ကျောင်းတွေနဲ့  မင်္ဂလာစျေးကို ပိတ်ထားလိုက်ပါတယ်။ 

ဒေသခံတစ်ဦးက “အခုက ခန္တီးမြို့မှာ ကိုဗစ်ကူးစက်တာများလာတယ်။ ကူးစက်သူ ၂၇ ယောက်ရှိတယ်။ ခန္တီးမြို့က စာသင်ကျောင်း နဲ့ မင်္ဂလာဈေးပိတ်လိုက်တယ် ပိုပြီးကူးစက်လာနိုင်တဲ့အတွက်။ ခန္တီးမြို့က ကူးစက်မှုများလာရင် ထိန်းလို့ရမယ့် အနေထားမဟုတ်ဘူး”လို့ပြောပါတယ်။ 

 ခန္တီးမြို့ဟာ ဝေးလံတဲ့ဒေသ ဖြစ်တာကြောင့် ဆေးဝါးတွေကအစ မပြည့်စုံဘဲ တခုခု လိုအပ်ပါက မန္တလေးကနေ လေယာဉ်နဲ့ ရေကြောင်းပဲ အသုံးပြု ပို့ဆောင်နေရကာ လက်ရှိမှာ ရေကြောင်းလည်း ပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခန္တီးမြို့မှာ ကိုဗစ်တတိယလှိုင်းကာလ အတည်ပြုလူ  ၂၇ ယောက်ထိ ရောဂါကူးစက်ခဲ့ပြီး သေဆုံးသူမရှိသေးပါဘူး။ 

7 months Ago
More News
Up