ခန့်အပ်ရန်

November 6, 2019

ဘိုင်ယန်နည်းပြရာထူးအတွက် မော်ရင်ဟိုကို ခန့်အပ်ရန် ရှဝိုင်းစတိုင်ဂါက တိုက်တွန်း

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြရာထူးအတွက် မော်ရင်ဟိုကို ခန့်အပ်ဖို့ ကစားသမားဟောင်း ရှဝိုင်းစတိုင်ဂါက တိုက်တွန်းလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ ကိုဗက်နဲ့ လမ်းခွဲလိုက်ပြီးနောက်မှာ နည်းပြသစ်တဦး ခန့်အပ်ဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္ထဝင် ကွင်းလယ်ကစားသမားဟောင်း ရှဝိန်းစတိုင်ဂါကတော့ အသင်းဟောင်းနည်းပြ ရာထူးနဲ့ ထိုက်တန်တဲ့ နည်းပြက မော်ရင်ဟိုဖြစ်ပြီး မန်ယူအသင်းကို ကိုင်တွယ်စဉ်ကတည်းက ဘွန်ဒက်စ်လီဂါကို စိတ်ဝင်စားခဲ့သူ ဖြစ်ကြောင်း စတိုင်ဂါက ပြောပါတယ်။ မန်ယူအသင်းမှာ အတူရှိစဉ်ကတည်းက ဘွန်ဒက်စ်လီဂါနဲ့ ဘိုင်ယန်အကြောင်းနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက မေးမြန်းခဲ့ဖူးသလို အဝေးကွင်းပွဲစဉ်တွေ ကစားတဲ့အခါမှာလည်း  ဘွန်ဒက်စ်လီဂါပွဲတွေကို တီဗွီကနေ အမြဲတမ်းကြည့်ခဲ့တယ်လို့ စတိုင်ဂါက ပြောပါတယ်။  ဒါ့အပြင် ဂျာမန်ကလပ်တွေက ကစားသမားတိုင်းကိုလည်း မော်ရင်ဟိုက သိပြီး ဂျာမန်စကားကိုလည်း သင်ယူခဲ့ဖူးတယ်လို့ စတိုင်ဂါက ဆိုခဲ့ပါတယ်။
1 year Ago
Up