ခဆုနိုဘုကာတိုက

February 14, 2020

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁ ဦးပထမဆုံး သေဆုံး

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ပထမဆုံးလူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့  ဂျပန်ကျန်းမာရေးဝန်ကြီး ခဆုနိုဘုကာတိုက က ဖေဖော်ဝါရီ ၁၃ ရက်နေ့က အတည်ပြုပြောကြားလိုက်ပါတယ်။ သေဆုံးသူဟာ အသက် ၈၀ ကျော် ဂျပန်အမျိုးသမီးတစ်ဦးလို့ သိရပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ လူသေဆုံးမှုဖြစ်တာ ဟောင်ကောင်၊ ဖိလစ်ပိုင်ပြီးရင် ဂျပန်က တတိယမြောက် ဖြစ်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဖေဖော်ဝါရီ ၁၄ ရက် ည ၈ နာရီအထိ တရားဝင်စာရင်းတွေအရ သေဆုံးသူ ၁၄၈၆ ယောက်၊ ကုသပျောက်ကင်းသူ  ၆၂၂၂ ၊ ကူးစက်ခံရသူ ၆၅၂၀၆ ယောက် အတည်ပြုထားပါတယ်။  မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၁၃ ရက် ည ၈ နာရီ အထိ စောင့်ကြည့်လူနာ ၁၈ ယောက်ကို ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုကုသပေးနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားပါတယ်။
1 year Ago
Up