ခင်မွန်ရွာသား

June 28, 2021

ရေစကြိုမြို့နယ် ခင်မွန်ရွာသား တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရေကြိုမြို့နယ် ခင်မွန်(ခွေးမြုပ်)ရွာက ဒေသခံပြည်သူ တစ်ယောက်ကို ဇွန် ၂၇ ရက် မွန်းလွဲပိုင်းက အကြမ်းဖက်စစ်အုပ်စုတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ခင်မွန်ကျေးရွာက စစ်ကောင်စီသတင်းပေး ဒလန်တွေက လက်နက်ရှိတယ်ဆိုပြီး တိုင်ကြား တာကြောင့် အကြမ်းဖက်စစ်အုပ်စုတွေရောက်လာပြီး ဘုန်ကြီးကျောင်းမှာ လုပ်အားပေးနေတဲ့ ကိုမင်းကို ကို မွန်လွဲ ၁ နာရီလောက်မှာ ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဖမ်းခံရတဲ့ ကိုမင်းကိုဟာ ရန်ကုန်မြို့မှာ မော်ဒယ်တွေကို မှတ်တမ်းတင်တဲ့ ဓာတ်ပုံဆရာ တစ်ယောက်ဖြစ်ပြီး ရွာပြန်နေတဲ့အချိန်မှာ ဒလန်တွေက သတင်းပေးတိုင်ကြားတာ ကြောင့် အဖမ်းခံရတာလို့ ဆိုပါတယ်။

ကိုမင်းကို ကို ရေစကြိုမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး အကြမ်းဖက်စစ်အုပ်စုက စစ်ဆေး မေးမြန်းနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

7 months Ago
Up