ခင်ပွန်းနှင့်ဖောက်ပြန်သည့် မိန်းကလေးကို ၀စ်လစ်စလစ်ဖြင့် အခန်းပြင်ထုတ်သည့်ရုပ်သံ ပျံ့နှံ့

A d v e r t i s e m e n t With Us

August 14, 2016

ခင်ပွန်းနှင့်ဖောက်ပြန်သူကို လမ်းမပေါ် ထိုးနှက်ခဲ့သည့်ရုပ်သံ လူမှုကွန်ရက်တွင် ဝေဖန် (ရုပ်သံ)

ခင်ပွန်းနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးတဦးကို သင်ခန်းစာပေးဖို့ ဇနီးဖြစ်သူနဲ့ တခြား အမျိုးသမီး ၂ ဦးက လမ်းမပေါ် ဆံပင်ဆွဲ၊ ထိုးနှက်ကန်ကျောက်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင် ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ၀ိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။ အဆိုပါအမျိုးသမီးဟာ တဦးတည်းအပြင်ထွက်လာချိန်မှာ ဇနီးဖြစ်သူအမျိုးသမီးနဲ့ တ ခြားအမျိုးသမီး ၂ ဦးတို့က ရင်ပြင်တခုအနီး လူမြင်ကွင်းမှာ ခုလိုလုပ်ခဲ့ကြတာလို့  မေရာသတင်းမှာ သြဂုတ်လ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ဒေါသထွက်နေတဲ့ ဇနီးမယားဖြစ်သူအမျိုးသမီးဟာ အဆိုပါအမျိုးသမီးကို ဆံပင် ဆောင့်ဆွဲပြီး ထိုးနှက်ကန်ကျောက်ပြီး ရိုက်နှက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအမျိုးသမီးရဲ့ အပေါ်ပိုင်းအ၀တ်အစားတွေကို ဆွဲကာ ထိုးကြိတ်နေခဲ့ချိန်မှာ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ဆင်တူတက်တူးတခုကို တွေ့လိုက်ရချိန်မှာ ပိုပြီးဒေါသထွက်လာ ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ရိုက်နှက်ခံရသူ အမျိုးသမီးဟာ မြေပြင်ပေါ်မှာ ထိုင်ချခဲ့ပြီး သူ့ရဲ့ မျက်နှာကို ဖုံး ကွယ်ဝှက်ထားဖို့ ကြိုးစားခဲ့ချိန်မှာ တခြားအမျိုးသမီးတဦးက သူ့ရဲ့ ခေါင်းကို ထိုးနှက် ကန်ကျောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အဆိုပါရန်ပွဲဟာ အချိန် ၃ မိနစ်လောက်ကြာခဲ့ချိန်မှာတော့  လမ်းသွားလမ်းလာ တွေက ဖျန်ဖြေမှုနဲ့အတူ အဆုံးသတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဖျန်ဖြေပေးသူ လမ်းသွားလမ်းလာတွေက ဒီပြဿနာကို ခုလိုအခြေအနေမျိုးနဲ့ မဖြေရှင်းသင့်ဘူးလို့ ပြောခဲ့ချိန်မှာ သူတို့က ဒါဟာ သင်ခန်းစာပေးတာလို့ ပြောခဲ့ကြတာပါ။ ဒါဟာ တရုတ်နိုင်ငံရဲ့ တနေရာရာမှာဖြစ်မယ်လို့ ဖော်ပြထားပြီး ဘယ်မြို့မှာ ဖြစ် ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျဖော်ပြမထားဘူးလို့ သတင်းက ဆိုပါတယ်။
5 years Ago

August 9, 2016

ခင်ပွန်းနှင့်ဖောက်ပြန်သည့် မိန်းကလေးကို ၀စ်လစ်စလစ်ဖြင့် အခန်းပြင်ထုတ်သည့်ရုပ်သံ ပျံ့နှံ့

ထိုင်းနိုင်ငံမှာ အမျိုးသမီးတဦးဟာ ခင်ပွန်းဖြစ်သူနဲ့ ဖောက်ပြန်တဲ့ မိန်းကလေးငယ်တဦးကို ၀စ်လစ်စလစ်နဲ့ သူမနေထိုင်ရာ ကွန်ဒိုအိမ်ခန်းပြင်ပမှာ ထုတ်ထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကြည့်ရှုမျှဝေမှုတွေ မြင့်တက်နေခဲ့ပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူ အမျိုးသားဟာ ခုခေတ်မှာ ရေပန်းစားနေတဲ့ အင်တာနက်မှတဆင့် ဆက်သွယ်ခေါ်ယူထားတဲ့ မိန်းကလေးငယ်နဲ့ အိမ်မှာရှိနေတုန်း ဇနီးဖြစ်သူက တွေ့ရှိခဲ့တာလို့ ထိုင်းအခြေစိုက် ကာပွတ်ခ်သတင်းမှာ ဖော်ပြပါတယ်။ ဇနီးဖြစ်သူ အမျိုးသမီးဟာ ထိတ်လန့်နေတဲ့ ခင်ပွန်းနဲ့ အဆိုပါမိန်းကလေးတို့ရဲ့ ဖြစ်စဉ်တွေကို တဆင့်ချင်း ရိုက်ယူခဲ့တာပါ။ မိန်းကလေးကို အိပ်ခန်းထဲမှ ထွက်သွားဖို့ အော်ဟစ်ပြီး အမိန့်ပေးစေခိုင်းချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်မှာ အ၀တ်အစားမပါရှိဘဲ အိပ်ယာခင်းကို ပတ်ထားခဲ့ကာ သုတ်သီးသုတ်ပြာနဲ့ ဧည့်ခန်းဆီ ထွက်သွားခဲ့ရတာပါ။ အဲဒီနောက်မှာ သူဟာ မိန်းကလေးကို စက်ဆုပ်ရွံရှာဖွယ် ပြည့်တန်ဆာအဖြစ် အော်ဟစ်ပြောဆိုပြီး အခန်းပြင်ကို မောင်းထုတ်ခဲ့တာပါ။ ဒါဟာ အိမ်ထောင်ရေးအဆင်မပြေမှုရဲ့ နောက်ဆက်တွဲ လူသားချင်း အရှက်ရစေမှု၊ စော်ကားမှုအဖြစ် အင်တာနက် အသုံးပြုသူတွေကြား ဝေဖန်မှုတွေ ရှိခဲ့တာပါ။ မိန်းကလေးမှာ အတွင်းခံဘောင်းဘီတထည်သာပါပြီး ကွန်ဒိုအခန်းပြင်ပ လှေကားအနီးမှာ ငိုယိုနေခဲ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့ကာ ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၇၃,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါအမျိုးသမီးကတော့ သူ့အနေနဲ့ ခုလိုဖြစ်လာစေဖို့ ရည်ရွယ်တာမဟုတ်ဘဲ သူခံစားရတာတွေကို ရေးပြီး ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်သူဆီ ပို့ခဲ့တာလို့ ပြောပါတယ်။ သူ့ရဲ့သူငယ်ချင်းဖြစ်သူကတဆင့် အွန်လိုင်းစာမျက်နှာတွေပေါ် တင်ခဲ့ရာကနေ ခုလိုပျံ့နှံ့သွားခဲ့တာလို့ ပြောပါတယ်။ လက်ရှိမှာ သူတို့နေထိုင်ကြတဲ့ အဆိုပါကွန်ဒိုအခန်းဟာ ခင်ပွန်းဖြစ်သူက ၀ယ်ခဲ့တာဖြစ်ပြီး သူကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာပဲ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီလို့ ဆိုပါတယ်။ အွန်လိုင်းပေါ်မှ ဝေဖန်သူတွေကတော့ ဇနီးဖြစ်သူဘက်မှ အားပေးခဲ့ကြပြီး တချို့ကတော့ သူ့အနေနဲ့ မိန်းကလေးငယ်ကို ခုလိုမဆက်ဆံသင့်ဘူးလို့ ပြောနေကြတာပါ။ တချို့ကတော့ ခင်ပွန်းဖြစ်သူကို ပြစ်တင်ဝေဖန်နေကြကာ တချို့ကတော့ ယောက်ျားဟာ ယောက်ျားပဲ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ခွင့်လွှတ်ပေးသင့်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
5 years Ago
Up