ခင်ပွန်းကို

June 10, 2018

ခင်ပွန်းကို ငွေပေးလက်ထပ်သည့် သတို့သမီး

အမေရိကန်နိုင်ငံ နယူးယောက်မြို့က မန်ဟက်တန်ရပ်ကွက်မှာ သတို့သမီးတယောက်က သူ့ကိုလက်ထပ်ဖို့အတွက် သတို့သားကို အမေရိကန်ဒေါ်လာ တစ်သောင်းသုံးထောင်ပေးခဲ့ရတယ်လို့ သြစတြေးလျ သတင်းဝက်ဆိုက်တခုဖြစ်တဲ့ brisbanetimes က ဇွန် ၉ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရရှိဖို့အတွက် ဗြိတိန်အမျိုးသမီးက အမေရိကန်အမျိုးသားကို အခုလို ငွေပေးလက်ထပ်တဲ့ မင်္ဂလာဆောင်အတုတွေရှိနေပါတယ်။ အမေရိကန်နိုင်ငံထဲ ၀င်ရောက်နေထိုင်ဖို့ ကြိုးစားနေသူတွေက ဒါဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရဖို့ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ပြောကြပါတယ်။ လူဝင်မှုဆန့်ကျင်ရေးကို အလေးပေးလုပ်ဆောင်နေတဲ့ ဒေါ်နယ်ထရမ့်အစိုးရဟာ အခုလို မင်္ဂလာပွဲအတုတွေကို ရာဇ၀တ်မှုတခုအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ခက်ခဲနေပါတယ်။ အစိုးရအနေနဲ့ အခုလို မင်္ဂလာဆောင်အတုတွေကို ထိန်းချုပ်နိုင်ဖို့ မင်္ဂလာဆောင်စုံတွဲတွေကို ခက်ခဲတဲ့ မေးခွန်းတွေနဲ့ စစ်ဆေးမေးမြန်းလေ့ရှိပြီး အမှန်တကယ် လက်ထပ်ကြသူတွေတောင် အစိုးရရဲ့ စစ်ဆေးမေးမြန်းမှုတွေကို ဖြေကြားဖို့ ခက်ခဲကြ တယ်လို့ သိရပါတယ်။
3 years Ago
Up