ကရိုင်းမီးယားတွင်

March 24, 2017

ကရိုင်းမီးယားတွင် ကြောက်မက်ဖွယ် ပြတ်ရွှေ့ကြောင်းကြီး ထွက်ပေါ် (ရုပ်သံ)

ရုရှားအသိမ်းပိုက်ခံ ကရိုင်းမီယားဒေသမှာ ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က ဒေသခံမြို့တော်နဲ့ ဒုတိယမြို့တော်တို့ကို ဆက်သွယ်တဲ့ အဓိကလမ်းမကြီးမှာ ပြတ်ရွှေ့ကြောင်းတွေ ပေါ်ပေါက်ခဲ့လို့ အာဏာပိုင်တွေက လမ်းကို ပိတ်ထားလိုက်ပါတယ်။ ဒီလမ်းမကြီးကို အမြန်ဆုံးပြုပြင်ဖို့ ဘဏ္ဍာငွေချပေးဖို့လည်း ဒေသခံအစိုးရအာဏာပိုင်တွေက တောင်းဆိုထားကြပါတယ်။ ယူကရိန်းပိုင် ကရိုင်းမီယားဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားင်ငံရဲ့ သိမ်းပိုက်ခံခဲ့ရပေမယ့် နိုင်ငံတကာကတော့ ယူကရိန်းပိုင်အဖြစ်ပဲ သတ်မှတ်ကြတာပါ။ ကရိုင်းမီယားကို ရုရှားက သိမ်းပိုက်ခဲ့အပြီး အခုလို ပွင့်လင်းရာသီမှာ ရုရှားင်ငံက အလည်လာသူ ခရီးသွားတွေနဲ့ စည်ကားနေတာပါ။ လာမယ့် မေလ ၁ ရက်နေ့ကနေ ၉ ရက်နေ့အထိ ရုရှားနိုင်ငံရဲ့ ရုံးအားလပ်ရက်ဖြစ်တာကြောင့် ရုရှားခရီးသည်တွေ အများအပြားလာရောက်ကြဖို့ရှိပြီး ဒီလမ်းကို အမြန်ဆုံးပြင်ဆင်ဖို့လည်း ဒေသခံအာဏာပိုင်တွေက ကြိုးစားနေကြပါတယ်။ ဧပြီလကုန်အပြီး ပြင်ဆင်ဖို့ စီစဉ်ထားပြီး ပြင်ဆင်မှု အမေရိကန်ဒေါ်လာ ၁.၂ သန်းလောက် ကုန်ကျနိုင်တယ်လို့လည်း ဆိုပါတယ်။ ၂ မီတာကျော်လောက် မြေကျွံကျသွားလို့ လမ်းမပြတ်တောက်သွားပြီး ရွာထဲက လမ်းဟောင်းကနေ ကားတွေ ယာယီဖြတ်မောင်းနေကြတယ်လို့ ဒေသခံတဦးကပြောဆိုပါတယ်။ ဒီလမ်းမကြီး အရင်ကတည်းက မြေကျွံနိုင်တယ်ဆိုတာ အာဏာပိုင်တွေ သိရှိပေမယ့် အလေးထားပြင်ဆင်ဖို့ မကြိုးစားခဲ့ဘူးလို့ ဒေသခံတွေကပြောဆိုကြပါတယ်။
5 years Ago
Up