ကျွဲနွားမှောင်ခို

June 18, 2015

ထိုင်း-မြန်မာနယ်စပ်တွင် ကျွဲနွားမှောင်ခိုသမား ၅ ဦး ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် ဘန်ပူနန်ရွန်ရွာအနီးမှာ ဇွန် ၁၇ ရက်နေ့က ကျွဲနွားမှောင်ခို ၅ ဦးကို တရားမ၀င်ခိုးသွင်းလာတဲ့ ကျွဲနွားကောင်ရေ ၃၈ ကောင်နဲ့အတူ ထိုင်းစစ်တပ် အာဏာပိုင်တွေက ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ၅ ဦးလုံးဟာ ထိုင်းလူမျိုးတွေဖြစ်ပြီး ကျွဲ ၂၃ ကောင်နဲ့ နွား ၁၅ ကောင်ကို  ၁၀ ဘီးတပ် ကုန်တင်ကား ၁ စီး၊ [caption id="attachment_98401" align="alignright" width="250"]ဓာတ်ပုံ -  Piyarach Chongcharoen ဓာတ်ပုံ - Piyarach Chongcharoen[/caption] ပစ်ကပ်ကား ၁ စီးနဲ့အတူ သယ်ဆောင်လာတာဖြစ်ပြီး အဲဒီကျွဲနွားတွေဟာ မြန်မာနိုင်ငံဘက်က သယ်ဆောင်လာတာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ထိုင်းစစ်တပ်က ဗိုလ်မှူးကြီး ဆရာဝပ်ချိုင်ယာစစ်က ဖမ်းဆီးခံထားရသူတွေဟာ တိရစ္ဆာန်ကာကွယ်ရေး ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အရေးယူခံရမှာဖြစ်ပြီး တရားမ၀င် ခွင်ြ့ပုချက် မရှိဘဲ ရောင်းချတဲ့အတွက် ပြစ်ဒဏ်ကျခံရမယ်လို့ ပြောပါတယ်။ လုံခြုံရေးအရာရှိတွေဟာ ဘန်ပူနန်ရွန်ဒေသတ၀ိုက် တောတွင်းလမ်းတွေမှာ တရားမ၀င် ခိုးဝင်လာသူတွေနဲ့ ကျွဲနွား တရားမ၀င် ခိုးဝင်လာသူတွေကို တားဆီးနိုင်ဖို့ မကြာသေးခင်ကမှ လှည့်ကင်းချ ဆောင်ရွက်နေခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာလူကုန်ကူးသူတွေနဲ့ ကျွဲနွားမှောင်ခိုတွေဟာ စစ်ဆေးရေးဂိတ်တွေကို ရှောင်နိုင်ဖို့ တောတွင်းလမ်းကြောင်းတွေကို အသုံးပြုလေ့ ရှိပါတယ်။
6 years Ago
Up