မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ကျွဲ၊ နွား တရားမ၀င်တင်ပို့မှု
Home
ကျွဲ၊ နွား တရားမ၀င်တင်ပို့မှု
A
d
v
e
r
t
i
s
e
m
e
n
t
With Us
September 16, 2016
12.7K
ရှမ်းမြောက် ကျွဲ၊ နွား တရားမ၀င်တင်ပို့မှု ထိန်းချုပ်သွားမည်ဟု ၀န်ကြီးပြော
နွားချော နွားသန့်တွေနဲ့ လယ်ယာသုံး ခိုင်းကျွဲတွေကို နည်းလမ်းအမျိုးမျိုး သုံးပြီး တရုတ်နိုင်ငံဘက်ခြမ်းကို တရားမ၀င် တင်ပို့ရောင်းချနေမှုတွေကို ထိန်းချုပ်သွားမယ်လို့ ရှမ်းပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံစီးပွားဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
မြန်မာပြည်က ကျွဲနဲ့ နွားတွေဟာ ပြည်ထောင်စုကားလမ်းမကြီးပေါ်ကနေ တရားဝင်ရော၊ တရားမ၀င်ရော တရုတ်နိုင်ငံဘက်ကို ထွက်ရှိနေသလို ခြေလျင်လမ်းအသွယ်သွယ်ကလည်း နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ရှိနေပါတယ်။
ကျွဲ၊ နွား အရောင်းအ၀ယ်ကွင်းတွေကို အစိုးရ ထိန်းချုပ်နယ်မြေအတွင်းမှာ အများအပြား ဖွင့်လှစ်ထားသလို လက်နက်ကိုင်တပ်ဖွဲ့ နယ်မြေအတွင်းမှာလည်း ဖွင့်လှစ်ထားကြပါတယ်။
ဝန်ကြီး ဦးစိုးညွန့်လွင်က “အဲဒီပြဿနာတွေကိုတော့ ကျနော်တို့က ၀န်ထမ်းဖွဲ့စည်းမှု အင်အားနည်းတာရယ်၊ ရဲတပ်ဖွဲ့ အင်အားနည်းတာရယ်၊ နောက်တော့ ကျနော်တို့က အဲဒီအပေါက်တွေကို သီးခြားဖြစ်စဉ်ဆိုပြီး ရီပို့တင်ပါမယ် ပြည်ထောင်စုကို။ တင်ပြီးတဲ့အခါမှာ တပ်မတော်ရဲ့ အကူအညီနဲ့ ပေါင်းစပ်ပြီးတဲ့အခါမှာ ဒီဟာတွေကို ထိန်းချုပ်ရမှာ” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျွဲ၊ နွား တရားမ၀င်တင်ပို့ရောက်ချနေတာကြောင့် ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပြီး ၀ယ်ယူဖို့ ရှားပါးနေပြီလို့ တောင်သူတွေက ပြောဆိုနေကြတာပါ။
“နှစ်ချောင်းဆွဲ ကျွဲပေါက်ပေါ့။ ခိုင်းကျွဲ နှစ်ချောင်းဆွဲ အကုန်တပ်ပြီးသား ကျွဲ၊ ထယ်လည်း အကုန်တပ်ပြီးသားကိုမှ ၆ သိန်းကျော်လောက်ပဲ ရှိတယ်။ အခုဈေးနှုန်း ဆိုရင် ၁၀ သိန်း၊ ၁၂ သိန်း၊ ၁၅ သိန်းထိ ရှိတယ်။ ကျွဲမ ဆိုရင်တော့ အခုဆိုရင် ၈ သိန်း၊ ၁၀ သိန်း ရှိတယ်။ အရင်တုန်းကတော့ ၃ သိန်း၊ ၅ သိန်း။ အဲဒီလောက်ပဲ ရှိတယ်” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းနေ တောင်သူတဦးက ပြောပါတယ်။
မြန်မာပြည်က နွားတကောင်ဟာ တရုတ်နယ်စပ်ဘက် ရောက်သွားရင် သိန်းနဲ့ချီပြီး အမြတ်အစွန်းရနေတာကြောင့် ဒေသတွင်းမှာ ကျွဲ၊ နွား ဈေးနှုန်းတွေ မြင့်တက်နေလို့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျွဲနဲ့ နွားအစား ထွန်စက်တွေကို အသုံးပြုလာကြရတယ်လို့ တောင်သူတဦးက ဆိုပါတယ်။
“ဒေသမှာတော့ ကျွဲ၊ နွားတွေက ရှားပါးကုန်ပြီ။ တောင်သူ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျွဲ၊ နွားတွေကို မသုံးတော့ဘူးပေါ့နော်။ ၀ယ်ရတာထက်ကို ရှားပါးသွားတာ။ ရောင်းလိုက်ရတဲ့အစားကို ဒီစက်တွေ ပြန်ဝင်လာတာပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ မြန်မာပြည်က ကျွဲ၊ နွားတွေအပြင် အခြားသယံဇာတပစ္စည်းတွေ နေ့စဉ်နဲ့အမျှ တရုတ်နိုင်ငံဘက်ခြမ်းကို တရားမ၀င်နည်းလမ်းတွေနဲ့ ထွက်ရှိနေဆဲ ဖြစ်ပါတယ်။
4 years Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up