ကျွဲအုပ်

November 9, 2018

ခြင်္သေ့ရန်မှ ထွက်ပြေးခဲ့သည့် ကျွဲအုပ် မြစ်အတွင်းကျပြီး အကောင် ၄၀၀ ခန့်သေဆုံး

ဘော့ဆွာနာနဲ့ နမီးဘီးယား နှစ်နိုင်ငံနယ်စပ်မှာ ကျွဲအုပ်စုပြုံတိုးမှု ဖြစ်ပြီး ချိုဘီမြစ်အတွင်း ကျခဲ့တာကြောင့် ကျွဲကောင်ရေ ၄၀၀ ဝန်းကျင် ရေနစ်သေဆုံးခဲ့တယ်လို့ ခရီးသွားဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီကျွဲအုပ်ဟာ ခြင်္သေ့တွေရန်ကနေ ထွက်ပြေးခဲ့ပုံရပြီး မတ်စောက်တဲ့ မြစ်ကမ်းတလျှောက် တကောင်နဲ့တကောင် တိုက်မိကာ မြစ်ထဲကျခဲ့တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။ ကနဦးစုံစမ်းမှုတွေအရ ကျွဲအုပ်ဟာ ချိုဘီမြစ်အတွင်း မကျခင် နမီးဘီးယားနိုင်ငံ စားကျက်မှာ သွားလာခဲ့တယ်လို့ သိရပါတယ်။ ချိုဘီမြစ်ဟာ ဆင်၊ မြင်းကျား၊ ဖျံနဲ့ အာဖရိကကျွဲအုပ်တွေ ကျက်စားတဲ့ ချိုဘီ အမျိုးသားဥယာဉ်ရှိရာ နယ်စပ်တလျှောက် စီးဆင်းနေတာဖြစ်ပါတယ်။ အဲဒီ ချိုဘီ အမျိုးသားဥယျာဉ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာနေရာ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up