ကျွန်းစုမြို့နယ်

October 25, 2016

ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူများကို ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာမှာ အောက်တိုဘာ ၂၄ ရက် ညဦးပိုင်းက ကံမော်နယ်မြေစခန်းမှူး ရဲအုပ်အောင်ဇော်မင်းထွန်း ဦးစီးနယ်ထိန်းအဖွဲ့ဝင်တွေက မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ကိုလတ် (ခ) စိုးမင်းလတ်ဟာ ကံမော်ကျေးရွာ အနောက်တိုက် ရေဝေးသင်္ချိုင်းအနီးနေ စိုးမင်းထိုက်ရဲ့နေအိမ်ကို ရောက်ရှိနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာပါ။ စိုးမင်းထိုက်ရဲ့နေအိမ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲဖို့ ရောက်ရှိနေတဲ့ စိုးမင်းထိုက်၊ မဲငယ်(ခ)တင်နိုင်အေး၊ ဇော်လှိုင်ဝင်းနှင့် ကိုလတ် (ခ) စိုးမင်းလတ် တို့ကို တွေ့ရှိစစ်ဆေးခဲ့ရာ wy စိတ်ကြွဆေးပြား ၅၄ ပြား၊ စိတ်ကြွဆေးပြားအာနိသင်ရှိ အရည် ၃၀ စီစီ ဆေးရှူကိရိယာ ၂ ခု၊ ခဲပတ်ပြားများ မီးခြစ်များ ဆေးရှူရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို မူးယစ်ဆေးဝါးရောင်းချရငွေ ၉၃၀၀၀ိ/ကျပ်နဲ့ အတူ ဖမ်းဆီးရမိပြီး ၄င်းတို့ ၄ ဦးကို မူးယစ်ပုဒ်မ ၁၅/၁၉(က)/ ၂၂(ခ)/ ၂၁ အရ အရေးယူထားပြီး ဆက်စပ်တရားခံတွေ ဆက်လက် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - လတ်ကိုကိုဦး
5 years Ago
Up