မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု ၀ဲကျွန်းကျေးရွာအနီးတွင် ဝေလငါးလို့ ယူဆရတဲ့ ငါးကြီးတကောင် အောင်တိုဘာလ ၆ ရက်နေ့က သောင်တင်ပြီး သေဆုံးနေကြောင်း ဒေသခံရွာသားများထံမှ သိရပါတယ်။
ဝဲကျွန်းကျေးရွာ ရာအိမ်မှူး ဦးအောင်နိုင်ဌေးက “ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာ အုပ်စု၊ ၀ဲကျွန်းကျေးရွာအနီး၌ အလျား ပေ ၃၀ ခန့် အလုံးပတ် ၁၅ ပေခန့်ရှိ ဝေလငါးအုပ်စုမှ အမည်မသိငါးကြီးတစ်ကောင်သည်၊ အောင်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် သောင်တင်၍ သေဆုံးနေကြောင်း တွေ့ရတာ”လို့ ပြောဆိုပါတယ်။
အဆိုပါ ဝေလငါးလို့ ယူဆရတဲ့ ငါးအကောင်ကြီးကို ရာအိမ်မှူးနဲ့ ဒေသခံရွာသားတွေက ခြံခတ်ပြီး မြို့နယ်ငါးဦးစီးဌာနရုံးသို့ သတင်းပို့ အသိပေးထားတယ်လို့ သိရပါတယ်။
သတင်း - ကိုဘိတ် (မြိတ်)
6 years Ago