ကျွန်းစုတွင်

September 30, 2017

ကျွန်းစုတွင် ခရီသည်တင်ယာဉ်တစီး ချောက်ထဲထိုးကျ

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ပဲဒိုင်ကျေးရွာက ခရီးသည်တင်ဆောင်လာတဲ့ ကားတစီး ဒီနေ့မနက် ၆ နာရီလောက်က ချောက်ထဲထိုးကျ ခဲ့တယ်လို့ သိရပါတယ်။ ကျွန်းစုမြို့နယ် ပဲဒိုင်ကျေးရွာကနေ သင်္ကန်းရှောင်ကျေးရွာကို ယာဉ်မောင်း မင်းထွန်း မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ "ကစပ်"တောင်အတက် ငွေကမ္ဘာ ခဲမိုင်းကုမ္ပဏီ အနီးမှာ စက်ချွတ်ယွင်းပြီး ချောက်ထဲထိုးကျခဲ့တာ ဖြစ်ပါတယ်။ သဇင်ရဲစခန်းမှ ဒုရဲအုပ် မြင့်ဂွမ်က “ပဲဒိုင်ကျေးရွာက ထွက်လာတဲ့ကားက ခရီးသည် ၁၂ ဦးနဲ့ ကမာကောင် အိတ် ၃၀ တင်ပြီး သင်္ကန်းရှောင်ကျေးရွာကိုသွာတာပါ။ "ကစပ်"တောင် အတက်မှာ ကလပ်ပြားချောသွားပြီး ကားက နောက်ပြန်လိမ့်ဆင်းပြီး ချောက်ထဲထိုးကျသွားတယ်” လို့ ပြောပါတယ်။ မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၈ ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိပြီး မြိတ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားကြောင်းသိရပါတယ်။ “လူနာတွေကတော့ ကျိုးပဲ့တာ မရှိပါဘူး။ ထိခိုက်ပွန်းပဲ့ဒဏ်ရာပဲရတယ်။ ဒီထဲက တစ်ယောက်ပဲ ဒေါ်ငွေရီ(၄၀)နှစ်၊ ကားမှောက်တဲ့အချိန်မှာ ကမာကောင်အိပ်နဲ့ ပိမိပြီး နောက်ကျောဘက်မှာ အတွင်းဒဏ်ရာရသွားတယ်။ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးမှုပြုလုပ်ပေးနေပါ တယ်” လို့ မြိတ်ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာဝန်က ပြောပါတယ်။ သဇင်ရဲစခန်းက ယာဉ်အားမဆင်မချင်မောင်းနှင်သူ မင်းထွန်း ကို အရေးယူဖို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )
4 years Ago

September 23, 2017

ကျွန်းစုတွင် လက်ခတ်လှေငယ် တိမ်းမှောက်၊ KG ကျောင်းသူ ၁ ဦး ပျောက်ဆုံးနေ

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု တောင်ပြို ကျေးရွာမှာ စတင်ဘာ (၂၂) ရက်နေ့က ကျောင်းသူ/သားတွေ လိုက်ပါ စီးနင်းလာတဲ့ လက်ခတ် သစ်သားလှေငယ်တစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၅ နှစ်အရွယ် KG ကျောင်းသူတဦး ပျောက်ဆုံးကြောင်း သိရပါတယ်။ ကျွန်းစုမြို့နယ်၊ စခန်းသစ် ကျေးရွာအုပ်စု တောင်ပြို ကျေးရွးမှာ ကျောင်းတက်နေတဲ့ ကျောင်း/သားများတွေကို ကျောင်းပိတ်လို့ မိသားစုဝင်တွေက စတင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက် ခေါ်ယူရာမှ မြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ ကံမော်စခန်းမှူး ရဲအုပ် ကျော်ကျော်သန့်က ပြောပါတယ်။ “သစ်သားလှေ လှော်ခတ်သူ ဒေါ်ရွှေစန်းက သူရဲ့ မြေးဖြစ်သူ မအိဖြူစိုးကို သွားရောက် ခေါ်ယူရာမှ ကျောင်းဆင်းချိန်ဖြစ်၍ တရွာတည်းနေ ကျောင်းသား ၃ ဦးနဲ့ ကျောင်းသူ ၆ ဦး စုစုပေါင်း ၉ ဦးကို လမ်းကြုံခေါ်ယူခဲ့ရာမှ မြစ်အတွင်းရောက်စဉ် လှေပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ကျောင်းသူ/သားတွေ ဆော့ကစားရာကနေ လူးလိမ့်ပြီး ရေစီးနဲ့အတူ တိမ်မှောက်သွားတာ။” လှေငယ်ပေါ်တွင် ကျောင်းသူ/ သား (၉) ဦးနဲ့ အခြား ရွာသူ ၂ ဦး၊ စုစုပေါင်း ၁၁ ဦး လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။ လှေငယ် တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ KG ကျောင်းသူ မအိဖြူစိုးကို စတင်ဘာ ၂၃ ရက်နေ့အထိ မြစ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်အဖွဲ့ဝင်တွေနဲ့ ရာအိမ်မှူးတွေက ငါးဖမ်းစက်လှေတွေနဲ့ ရှာဖွေနေတယ်လို့ သိရပါတယ်။ သတင်းနှင့်သတင်းပုံ - ဇော်ဇော် (မြိတ်)
4 years Ago
Up