ကျွတ်ကျွတ်အိတ်အင်္ကျီပေါ်တွင် မက်ဆီနာမည်ရေးထိုးဝတ်ဆင်သည့် ကလေးငယ်နှင့် မက်ဆီ တွေ့ဆုံ

December 14, 2016

ကျွတ်ကျွတ်အိတ်အင်္ကျီပေါ်တွင် မက်ဆီနာမည်ရေးထိုးဝတ်ဆင်သည့် ကလေးငယ်နှင့် မက်ဆီ တွေ့ဆုံ

ကျွတ်ကျွတ်အိတ်ကို အင်္ကျီပုံစံလုပ်ပြီး ဘာစီလိုနာဘောလုံးစတား မက်ဆီနာမည်နဲ့ ကျောနံပါတ် ၁၀ ကို ရေးသားဝတ်ဆင်တဲ့ ၆ နှစ်အရွယ် အင်တာနက်စတား ကလေးငယ်ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ မက်ဆီနဲ့ တွေ့ခွင့်ရခဲ့ပါပြီ။ သူဟာ အဖြူနဲ့အပြာအစင်းကြားတွေပါဝင်တဲ့ ကျွတ်ကျွတ်အိတ်အင်္ကျီပေါ်မှာ မက်ဆီနာမည်နဲ့ ကျောနံပါတ်ကို ရေးသားပြီး ဝတ်ဆင်ခဲ့တဲ့အတွက် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အခုနှစ်အစောပိုင်းက ပျံ့နှံ့ခဲ့ပြီး နာမည်ကျော်နေခဲ့တာပါ။ မာတဇာအာမဒီ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ အာဖဂန်နစ္စတန်နိုင်ငံ ကျေးလက်ဒေသတခုမှာ နေထိုင်တာဖြစ်ပြီး အင်တာနက်စာမျက်နှာတွေပေါ် နာမည်ကျော်လာခဲ့ချိန်မှာ ဘောလုံးစတား မက်ဆီက တွေ့ချင်နေခဲ့တာပါ။ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ဘောလုံးအင်္ကျီပေါ်မှာ ကိုယ်တိုင်လက်မှတ်ရေးထိုးကာ ကလေးငယ်ဆီကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှတဆင့် ပေးခဲ့ပါတယ်။ လူချင်းတွေ့ဆုံဖို့ကိုတော့ အခြေအနေ မကြုံကြိုက်တဲ့အတွက် မတွေ့ဆုံဖြစ်ခဲ့ပါဘူး။ ဘာစီလိုနာအသင်းဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ အယ်လ်အလီအသင်းနဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ချစ်ကြည်ရေးပွဲကစားဖို့ ရောက်ရှိလာခဲ့ချိန်မှာ မက်ဆီနဲ့ ကလေးငယ် တွေ့ဆုံခွင့်ရခဲ့တာပါ။ ကစားပွဲမစတင်ခင်မှာ မက်ဆီဟာ ကလေးငယ်နဲ့ တွေ့ဆုံနှုတ်ဆက်စကားပြောခဲ့တာကို တွေ့ရပါတယ်။
5 years Ago
Up