ကညွတ်​စိုက်​​တောင်​သူ​များ

June 8, 2018

မြင်းခြံ ကညွတ်​စိုက်​​တောင်​သူ​များ ဝင်​​ငွေ​ကောင်းရရှိနေ

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်မှာ ကညွတ်​စိုက်​ပျိုးတဲ့ ​တောင်​သူ​တွေ ဝင်​​ငွေ​ကောင်းရရှိ​နေပြီး အစိုးရက ပြည်ပပို့ကုန်အဖြစ် ဖော်ဆောင်ပေးနိုင်မယ်ဆိုရင် တောင်သူတွေ ပိုမိုအကျိုးဖြစ်ထွန်းမယ်လို့ ​ရွှေဖြူ ကညွတ်​အ​ရောင်းဆိုင်​က ​ပြောပါတယ်​။ ​ရွှေဖြူ ကညွတ်​အ​ရောင်းဆိုင်​မှ ဦး​ကျော်​စိန်​ထူးက “ကညွတ်​ဟာ စိုက်​ပျိုးသင့်​တဲ့ လုပ်​ငန်းတခုပါ။ ကျ​နော်​က စိုက်​ပျိုးမယ့်သူ​တွေကို နည်းပညာနဲ့ ပျိုးပင်​ကို ဆက်​သွယ်​ပြီး ကူညီ​ပေးပါတယ်​။ ​တောင်​သူ​တွေကလည်း စိုက်​ပျိုး​ပေမယ့် ​ဈေးကွက်​မရှာတတ်​ကြဘူး၊ အဲ့အတွက်​လည်း တာဝန်​ယူ လုပ်​​ဆောင်​​ပေးတာပါ။ ကညွတ်​က တခါစိုက်​ပြီးရင်​ အမြဲရရှိနေတဲ့ အပင်​မျိုးဖြစ်​ပြီး ကညွတ်​နဲ့အတူ နှစ်​ရှည်​ပင်​​တွေလည်း စိုက်​ပျိုးလို့ ရပါ​သေးတယ်​။ ​ပြီး​တော့ အပင်​အတွက်​ ​ဆေး​တွေ သုံးစရာမလိုဘဲ သဘာဝ​မြေသြဇာဖြစ်​တဲ့ နွား​ချေးတမျိုးတည်းကိုသာ အသုံးပြုရ​တော့ စားသုံးသူ​တွေအတွက်​လည်း အန္တရာယ်​ကင်းပါတယ်​။ အစိုးရအ​နေနဲ့ ပြည်​ပပို့ကုန်​အဖြစ်​ ​ဖော်​​ဆောင်​​ပေးခဲ့ရင်​​တော့ ​တောင်​သူ​တွေအတွက်​ ပိုပြီး အကျိုးဖြစ်​ထွန်းလာမယ်” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ခုဆိုရင် ​ကညွတ်​ကို ​နေရာ​ဒေသ အနှံ့အပြားမှာ စိုက်​ပျိုး​နေကြပြီး မြင်းခြံမြို့နယ်​မှာ​တော့ ကညွတ်​စိုက်​ပျိုးသူ ဦး​ရေ ၁၀၀ ​ကျော်​လောက် ရှိတယ်လို့ သိရပါတယ်​​။ ထွက်​ရှိလာတဲ့ ကညွတ်​ကို အမျိုးအစား ၄ မျိုးခွဲထားကာ ရန်​ကုန်​နဲ့ တခြားမြို့ကြီး​တွေကို တင်​ပို့​ရောင်းချ​နေတယ်​လို့ ဆိုပါတယ်​။ “ကညွတ်​ ၁ ပင်​ကို ၅၀ ကျပ်​ဝယ်​ရတယ်​။ အခု အပင်​ ၅၀၀၀ ​လောက်​ စိုက်​ပျိုးထားတယ်​။ ​​မြေသြဇာလည်း သုံးစရာမလိုဘူး။ ​နေ့စဉ်​ ပုံမှန်​ ၁၅၀၀၀ ကျပ်​​လောက်​ ဝင်​​ငွေရှိတာဆို​တော့ မိသားစုစားဝတ်​​နေ​ရေး အဆင်​​ပြေတယ်​" လို့ ကညွတ်​စိုက်​ပျိုးထားသူ ​ညောင်​ကန်​​ကျေးရွာမှ ဦး​ကျော်​က ပြောပါတယ်​။ လက်ရှိမှာ​တော့ မြင်းခြံမြို့ပေါ်မှာ ကညွတ်​ပိဿာချိန်​ ၅၀၀ ဝန်းကျင်​လောက် ​နေ့စဉ်​ ဝင်​​ရောက်​နေပြီး ကညွတ်​ ၁ ပိဿာကို ၁၈၀၀ ကျပ်​မှ ၄၀၀၀ ကျပ်​အထိ ​ရောင်းချရတယ်လို့ ​ပြောပါတယ်​။ ​ကညွတ်​ထွက်​နှုန်း ရှားပါးတဲ့အချိန်​မှာဆို ၁ ပိဿာကို ၂၅၀၀ ကျပ်​မှ ၆၀၀၀ ကျပ်​အထိ ​ရောင်းချရတယ်​လို့ သိရပါတယ်​။ သတင်း ရီရီထွန်း ( မြင်းခြံ )
3 years Ago
Up