ကွေ့ချောင်းရွာ

August 23, 2021

ယင်းမာပင်တွင် စစ်​ကောင်စီတပ်သားအချင်းချင်း စကားများ အပြန်အလှန်ပစ်ခတ်၊ ၂ ဦး​သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ​ကွေ့​ချောင်းရွာအနီး မုံရွာ-ယာကြီး-က​လေးဝ ကားလမ်း​ပေါ်မှာ သြဂုတ် ၂၃ ရက် ​နေ့လယ်ပိုင်းက စစ်​ကောင်စီတပ်သားအချင်းချင်း စကားများရန်ဖြစ်ရာက ​သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်ကြတာကြောင့် ၂ ဦးစလုံး ​သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဖြစ်စဥ်က ဒီ​နေ့ မနက်ပိုင်းအ​စောက မုံရွာ-ယာကြီး-က​လေးဝ လမ်း​ပေါ်မှာရှိတဲ့ တိုးဂိတ်တစ်ခု ဖျက်ဆီးမီးရှို့ခံရတာနဲ့ပတ်ပြီး စစ်​ကောင်စီတပ်​တွေ လာတာထင်တယ်။ ​ကွေ့​ချောင်းရွာအနီးမှာ ​ရှေ့က​​နေ သူသွား ကိုယ်သွားတွက်ပြီး ငြင်းခုံကြရာက​နေ တစ်​ယောက်နဲ့တစ်​ယောက် ​သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ကြတာ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်သား ၂ ဦးအ​လောင်းကို မုံရွာဘက်ဆီကို ချက်ချင်းသယ်သွားကြပြီး ကျန်တဲ့သူ​တွေ ​ပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။

မုံရွာ-ယာကြီး-က​လေးဝ လမ်း​ပေါ်မှာတည်ရှိတဲ့ ၅ မိုင်တိုးဂိတ် သြဂုတ် ၂၃ ရက် မနက်​စောပိုင်း ၀၀း၃၀  နာရီလောက် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​သေနတ်ပစ်ဖောက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဘယ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

4 months Ago

August 14, 2021

ယင်းမာပင်မြို့နယ်တွင် စစ်​ကောင်စီတပ်သားအချို့ မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကွေ့​ချောင်း​ကျေးရွာအနီး "စိုး"စက်သုံးဆီဆိုင် အ​နောက်ဘက်နားမှာ သြဂုတ် ၁၄ ရက် ​ဒီနေ့လယ် ၂ နာရီခွဲလောက်က  ကနီမြို့နယ်ဘက်က ပြန်လာတဲ့ စစ်​ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရလို့  ၃ ​ဦးထက်မနည်း မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။

မိုင်း​ပေါက်ကွဲမှုအပြီးမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ​သေနတ်နဲ့ အချက်​ရေ ၃၀ ​ကျော်လောက် ပစ်​ဖောက်ခဲ့တယ်လို့  ကွေ့ချောင်း​အနီးနားမှာနေထိုင်တဲ့  ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

ဒါ့အပြင် ​ကွေ့​ချောင်း​ကျေးရွာထဲမှာလည်း စစ်တပ်က ဝင်​ရောက် ပစ်ခတ်မှု​တွေပြုလုပ်ခဲ့ပြီး ​ပြည်သူတစ်ဦး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်​ကောင်စီ တပ်အင်အား ၃၀ ဝန်း​ကျင်လောက်ဟာ  ကနီနယ်ဘက်က​နေ မုံရွာဘက်ကို ပြန်လာရာမှာ ကား​ပေါ်က​နေဆင်းပြီး လမ်း​​​လျှောက်သွားနေစဉ် မိုင်းထိမှန်ခဲ့တာလို့ ဆိုပါတယ်။

4 months Ago
Up