ကွာရန်တင်းဝင်ရမည်

December 14, 2020

Stay at home ဒေသမှ လေကြောင်းလိုင်းဖြင့် ပြန်လာသူများ ကွာရန်တင်းဝင်ရမည်

ရန်ကုန်အပါအဝင် Stay at home သတ်မှတ်ထားတဲ့ဒေသကနေ  လေကြောင်းလိုင်းနဲ့ ပြန်လာသူတွေအနေနဲ့ Stay at home မဟုတ်တဲ့ ဒေသသို့သွားရောက်ပါက မဖြစ်မနေ ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။  Stay at home သတ်မှတ်ထားတဲ့ဒေသကနေတခြား Stay at home ဒေသသို့သွားရောက်ပါက မထွက်ခွာမီ ၃၆ နာရီအတွင်း RDT စစ်ဆေးထားပြီးဖြစ်လို့ ကွာရန်တင်း ဝင်စရာမလိုပေမဲ့ Stay at home မဟုတ်တဲ့ ဒေသသို့သွားရောက်ပါက မဖြစ်မနေ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ဆေးစစ်ခပေးဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။ ဆေးစစ်တဲ့အခါမှာ PCR နဲ့ စစ်ဆေးတဲ့ရလဒ်မှာ ပိုးမတွေ့ပါက ၃ ရက်နဲ့ ကွာရန်တင်းမှ ထွက်နိုင်ပြီး RDT နဲ့စစ်ဆေးပါက ပိုးမတွေ့ပေမယ့် ၇ ရက်ကွာရန်တင်းဝင်ရမှာဖြစ်တယ် လို့ သိရပါတယ်။ လေဆိပ်ကောင်တာမှာ Check-in ဝင်တဲ့အခါ ၃၆ နာရီအတွင်း RDT နဲ့ စစ်ဆေးထားတဲ့ ထောက်ခံစာနဲ့ ချက်ကင်ဝင်ရမှာဖြစ်တယ် လို့သိရပါတယ်။ Stay at home အဖြစ် မသတ်မှတ်ထားတဲ့ ဒေသမှ လေယာဉ်ခရီးနဲ့ ဘယ်ဒေသကို မဆိုသွားရောက်တဲ့အခါ RDT  test kit နဲ့ ၃၆ နာရီအတွင်း စစ်ဆေးထားတာကြောင့် ကွာရန်တင်းဝင်စရာမလိုဘူးလို့ သိရပါတယ်။ လက်ရှိမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နဲ့ Air Kanbawza တို့ လေယာဉ်လက်မှတ်တွေကို ဒီဇင်ဘာ ၁၆ နေ့ကစပြီး ရန်ကုန်၊ မန္တလေး၊ ကျောက်ဖြူ၊ စစ်တွေ၊ တာချီလိတ် စတဲ့ ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးမြို့တွေကို ပျံသန်းမယ့်ခရီးစဉ်အတွက် လက်မှတ်ရောင်းချမယ်လို့ ကြေညာထားပါတယ်။ လေယာဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း PCR /RDT test kid တွေနဲ့ စစ်ဆေးရမယ့် နေရာကို အခုထိအတိအကျဘာမှမသိရ သေးဘူး လို့ တောင်ကြီးမြို့က စေတနာ့ဝန်ထမ်း ကိုဝင်းနိုင်စိုးကပြောပါတယ်။  လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဟဲဟိုး‌လေဆိပ်သို့ဆိုက်ရောက်လာမယ့် ခရီးသည်များစွာ ရှိနေပြီး တောင်ကြီးမြို့ပေါ်သို့ လူနာတင်ကား အကူအညီတောင်းခံမှုများစွာရှိနေတယ် လို့ ပြောပါတယ်။ သတင်း - နန်းစပယ်
12 months Ago

September 3, 2020

ကိုးကန့်ဒေသကို လာရောက်သူများ ကိုယ့်စရိတ်နှင့်ကိုယ် ကွာရန်တင်းဝင်ရမည်

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို လာရောက်သူတွေအနေနဲ့ ကိုယ့်စရိတ်နဲ့ကိုယ် ကွာရန်တင်းဝင်ရောက်ရမယ်လို့ စက်တင်ဘာလ ၂ ရက်နေ့က အသိကြေညာထားပါတယ်။ ရောဂါဖြစ်ပွားတဲ့ ဒေသတွေကနေ ကိုးကန့်ဒေသကို  မဖြစ်မနေလာရောက်မယ်ဆိုရင် မိမိစရိတ်နဲ့ ကွာရတင်းစင်တာမှာ ၁၄ ရက်နေထိုင်ပြီး ဆေးစစ်မှုနှစ်ကြိမ်ပြုလုပ်ရမှာဖြစ်ကာ Home quartaine တပတ်ဆက်နေရမှာ ဖြစ်ပါတယ်။ ဒေသပြင်က ဧည့်သည်တွေကို ဖိတ်ခေါ်ခြင်းမပြုဖို့နဲ့ မဖြစ်မနေလာရောက်ဖို့ ရှိသူတွေအနေနဲ့ ကျန်းမာရးဌာနကို သတင်းပို့ပြီး ညွှန်ကြားချက်နဲ့ အညီ နေထိုင်ရမှာဖြစ်ပါတယ်။  လိုက်နာဖို့ ပျက်ကွက်သူဘယ်သူကိုမဆို သဘာဝဘေးအန္တရာယ်တိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူခံရမယ်လို့ လည်း ကိုးကန့် အုပ်ချုပ်ရေး အာဏာပိုင်တွေက အသိပေးကြေညာထား ပါတယ်။  ချင်းရွှေဟော်မြို့အဝင်မှာ ဌာနဆိုင်ရာတွေ ဒေသကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ ပါဝင်တဲ့ စစ်ဆေးရေးဂိတ်တခုကိုလည်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ယာဉ်လိုင်းတွေ အနေနဲ့လည်း သတ်မှတ်ချက်အတိုင်း ခရီးသည်တင်ဆောင်ဖို့နဲ့ ထောက်ခံစာ ပါတဲ့ ခရီးသည်ကိုသာ တင်ဆောင်ရမှာဖြစ်ပါတယ်။
1 year Ago
Up