ကွာရန်တင်းဝင်နေသူ

November 4, 2020

ဘိုကလေးမြို့၌ ကွာရန်တင်းဝင်နေသူ ၂ ဦး ဖဲဝိုင်းတွင် စကားများရန်ဖြစ်  

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ  နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ကွာရန်တင်းဝင်နေသူ နှစ်ဦး ဖဲဝိုင်းမှာ စကားများရန်ဖြစ်ပြီး bluetooth စပီကာနဲ့ ထုတဲ့အတွက် တစ်ဦးခေါင်းကွဲသွားတယ်လို့ မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီထံ က သိရပါတယ်။ ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ  တာဝန်ရှိသူတစ်ဦးက "ခေါင်းကွဲသွားတဲ့သူက  နိုဝင်ဘာ ၄ ရက်နေ့မှာ ရက်ပြည့်ပြီ စပီကာနဲ့ ထုတဲ့သူကဝင်တာ ၄ ရက်ပဲရှိသေးတယ်။ အထုခံရတဲ့သူက ခေါင်းကို bluetooth စပီကာနဲ့ အထုခံရလို့ခေါင်းကွဲတယ် မျက်လုံးလည်း လက်သီးနဲ့ အထိုးခံရလို့ အနည်းငယ် နီသွားတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲ က ဒဏ်ရာရတဲ့သူကိုမေးတယ်။ ကျေအေးပါတယ်ဆိုတာနဲ့ အမှုမဖွင့်ဘူး။" လို့ ပြောပါတယ်။ ဘိုကလေးမှာ ကွာရန်တင်းဝင်နေသူလူဦးရေ ၁၀၀ ရှိပြီး  Positive လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကိုတော့ ဘိုကလေးပညာရေးကောလိပ်မှာ ထားရှိတာပါ။  အခုအခါ ဘိုကလေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးရှိကာ ဘိုကလေးကုတင် ၁၀၀ ဆေးရုံမှာ ကုသပေးနေတယ်လို့ မြို့နယ်ကျန်းမာရေး အထောက်အကူပြုကော်မတီ ထံက သိရပါတယ်။  အခုလိုဖြစ်ပွားခဲ့တဲ့ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း ကွာရန်တင်စင်တာမှာ အောက်တိုဘာ ၁၂ရက်နေ့ကလည်း  စည်းကမ်းဖောက်ဖျက်ပြီး ကော်မတီ အပေါ် မဟုတ်မမှန်ပြောဆို Live လွှင့်ခဲ့သူ နှစ်ဦးကို ဘိုကလေးမြို့နယ် ကိုဗစ်-၁၉  ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ ဘိုကလေးမြို့မရဲစခန်းမှာ တိုင်ကြားထားပါတယ်။ သတင်း - ထူးထူး (ဗိုလ်ကလေး)၊  ဓာတ်ပုံ - ကျန်းမာရေးထောက်ပြုကော်မတီ
7 months Ago

October 20, 2020

စေတနာ့ဝန်ထမ်းများကို ဆဲဆိုခဲ့သည့် ကွာရန်တင်းဝင်နေသူ ၁ ဦး အမှုဖွင့်ခံရ

မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာ၊  အထက်တန်းကျောင်းမှာ  ကွာရန်တင်းဝင်နေတဲ့ အမျိုးသားတစ်ဦးက တာဝန်ကျစေတနာ့ဝန်ထမ်းတွေကို ညစ်ညမ်းစွာဆဲဆိုခဲ့တာကြောင့် အရေးယူဖို့ အမှုဖွင့်လှစ်ထားတယ်လို့  မင်းလှရဲစခန်းက သိရပါတယ်။ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီလောက်က လျှပ်စစ်မီးပျက်သွားချိန်မှာ သီးခြားခွဲထားတဲ့ သူ့မိန်းမရှိရာ အမျိုးသမီးဆောင်ဘက်သို့  ကွာရန်တင်းဝင်နေတဲ့ ကိုအောင်မျိုးဦး ရောက်ရှိနေကြောင်းတွေ့ရှိပြီး တာဝန်ကျအုပ်ချုပ်ရေးမှူးဦးဝင်းထိန်က မေးမြန်းရာ ညစ်ညမ်းစွာဆဲဆိုတာ၊ ခုံတွေကို ကန်‌တာကြောင့် မင်းလှမြို့နယ် ကိုဗစ်ကော်မတီသို့ အကြောင်းကြား ထားကြောင်း အုပ်ချုပ်ရေးမှူးဦးထွန်းမြင့် က ဆိုပါတယ်။ ခုလိုအုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတာကြောင့် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်အရ ညစ်ညမ်းစွာဆဲဆိုသူကို အောက်တိုဘာ ၁၉ ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်လှစ်ထားကြောင်း မင်းလှမြို့ ကိုဗစ်-၁၉ ကော်မတီကနေ  သိရပါတယ်။ အဆိုပါ အမျိုးသားကို ကွာရန်တင်း ရက်ပြည့်လို့ ထွက်လာရင် အရေးယူဆောင်ရွက်သွားမယ်လို့  မင်းလှရဲစခန်းမှူး ဒုရဲမှူးလင်းလင်းက ပြောပါတယ်။ သတင်း- သက်နိုင်ဝင်း(CJ)
7 months Ago
More News
Up