ကွာရန်တင်း

January 17, 2021

သြစတြေးလျ အိုးပင်းပြိုင်ပွဲကို လေယာဉ်ဖြင့်လာသူများထဲ ၂ ဦးပိုးတွေ့၊ ကစားသမား ၂၂ ဦး ကွာရန်တင်းထားရှိ

သြစတြေးလျ အိုးပင်းပြိုင်ပွဲကို စင်းလုံးငှားလေယာဉ်နဲ့ လာရောက်သူတွေထဲက ၂ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ခဲ့တာကြောင့် လေယာဉ်ပေါ် ပါလာတဲ့ ကစားသမား ၂၂ ယောက်နဲ့ အဖွဲ့ဟာ ဇန်နဝါရီ ၁၆ ရက်နေ့က သီတင်းနှစ်ပတ် ဟိုတယ်ကွာရန်တင်း ဝင်လိုက်ရပါတယ်။  လော့စ်အိန်ဂျလိစ်ကနေ လာတဲ့ စင်းလုံးငှားလေယာဉ်ဟာ ဇန်နဝါရီ ၁၅ ရက်က မဲလ်ဘုန်းမှာ ဆင်းသက်ခဲ့ပြီးနောက် ပိုးကူးစက်သူတွေကို တွေ့ခဲ့တာပါ။  လေယာဉ်အမှုထမ်း ၁ ဦးနဲ့ သြစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ပါဝင်တဲ့ ကစားသမား မဟုတ်သူ ၁ ဦးမှာ ပိုးတွေ့ခဲ့ပြီး  သူတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးရုံကို လွှဲပေးခဲ့တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေး ဝန်ထမ်းတွေက ပြောဆိုပါတယ်။  သြစတြေး အိုးပင်းအတွက် ကစားသမားတွေကို တစ်နေ့ ၅ နာရီ ပြင်ပမှာ ထရိန်နင်းဆင်းဖို့ ခွင့်ပြုထားပေမယ့် ကွာရန်တင်းကာလမှာတော့ သူတို့ဟာ အဆောက်အဦတွင်းမှာပဲ လေ့ကျင့်ရေးဆင်းရတော့မှာပါ။   ဒီဆုံးဖြတ်ချက်ဟာ ပြိုင်ပွဲဝင်မယ့် ကစားသမားတွေအဖို့  သာတူညီမျှ မဖြစ်တဲ့ ပြင်ဆင်မှု ဖြစ်လိမ့်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 months Ago

December 15, 2020

ကချင်ပြည်နယ်ကို လာမည့် ရန်ကုန်နှင့် မန္တလေးက လေယာဉ်စီးခရီးသည်များ ကွာရန်တင်းဝင်ရမည်

ရန်ကုန်နဲ့ မန္တလေးမြို့တွေကနေ ကချင်ပြည်နယ်ကို လေယာဉ်စီးပြီး လာမယ့်ခရီးသည်တွေ Facility Quarantine ၇ ရက် ဝင်ရမယ်လို့ ​သိရပါတယ်။ မြစ်ကြီးနားလေဆိပ်မှ လေကြောင်းထိန်းမန်နေဂျာ ဦးစောနွဲ့ဖဟိန်းစေက “ရန်ကုန်နဲ့ မန္တလေးကနေ မြစ်ကြီးနားကို လာရင်တော့ ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်လည်းပါရမယ်။ မြစ်ကြီးနားကိုရောက်ရင် Facility Quarantine ၇ ရက်ကို သတ်မှတ်ထားတဲ့နေရာမှာ ဝင်ရင်ဝင် Hotel ကွာရန်တင်းဝင်လည်း ရတယ်။ အဲဒီလို ဝင်ပြီးမှ ကချင်ပြည်နယ်ထဲက ခရီးသည်သွားချင်တဲ့မြို့ကို ပြန်သွားပေါ့။ မြစ်ကြီးနားကနေ တခြားမြို့ကိုသွားရင် ကွာရန်တင်းဝင်စရာမလိုဘူး။ ဒါပေမဲ့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးမှာ ၃၆ နာရီအတွင်း စစ်ဆေးထားတဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက် ပါရမယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားလေဆိပ်မှာပျံသန်း ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေထဲက  မြန်မာအမျိုးသားလေကြောင်းလိုင်းကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စတင်ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မြစ်ကြီးနား၊ ပူတာအိုတို့ကို အသွားအပြန်ခရီးစဉ် ပြေးဆွဲပေးမှာဖြစ်ကာ အဲကမ္ဘောဇလေကြောင်းလိုင်းကတော့ ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်ပြေးဆွဲပေးမှာဖြစ်ကာ ရန်ကုန်၊ မြစ်ကြီးနား၊ ရန်ကုန်တို့ကို အသွားအပြန်ပြေးဆွဲပေးပြီး နောက်ပိုင်းမှာမန္တလေးမြို့ကိုလည်း အသွားအပြန် ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ မြစ်ကြီးနားလေဆိပ်မှာ အရင်က လေကြောင်းလိုင်းစုစုပေါင်း ၅ လိုင်းရှိပြီး အခု ၂ လိုင်းသာ ပြန်လည်ပြေးဆွဲပေးမယ်လို့သိရပြီး ကိုဗစ်-၁၉ ရောဂါကြောင့် အခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းက လေကြောင်းခရီးစဉ်တွေ ယာယီရပ်နားထားခဲ့ရတာပါ။ သတင်း - မီးမီး
4 months Ago
More News
Up