ကွာတားတက်

August 8, 2020

မန်စီးတီးက ရီးရဲလ်ကို နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားတက် (ရုပ်သံ)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးက ရီးရဲလ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ မန်စီးတီးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲချိန် ၉ မိနစ်မှာ စတားလင်းက မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ ပွဲချိန် ၂၈ မိနစ်မှာ ရီးရဲလ်အတွက် ချေပဂိုးကို ဘန်ဇီမာက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အိမ်ရှင်မန်စီးတီးအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၈ မိနစ်မှာ ဂါဘရီရယ် ဂျီးဆပ်က ရီးရဲလ်နောက်ခံလူ ကော်တိုအာ ဂိုးသမားဆီ ပြန်ချပေးတဲ့ဘောလုံးကို အကောင်းဆုံး အသုံးချပြီး သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ပထမအကျော့ ရီးရဲလ်ကွင်းမှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄-၂ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အခြားပွဲစဉ်တခုမှာတော့ ဂျူဗင်တပ်စ်အသင်းက လိုင်ယွန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမဲ့ နှစ်ကျော့ပေါင်း ရလဒ် ၂-၂ ဂိုး သရေကျခဲ့တာကြောင့် အဝေးဂိုး စည်းမျဉ်းအရ လိုင်ယွန်အသင်းက ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ လိုင်ယွန်အသင်းတို့ သြဂုတ် ၂၀ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
1 year Ago
Up