ကွယ်လွန်သူ

February 1, 2020

ကွယ်လွန်သူ ဘတ်စကက်ဘော ကစားသမား နာမည်စာလုံး ကားဖြင့်ပုံဖော်

လော့စ်အိန်ဂျလိစ်မြို့ တိုက်ခေါင်မိုးတခုပေါ်မှာ ဇန်နဝါရီ ၃၁ ရက်က ကိုဘီဘရိုင်းယန့် စာလုံးပေါင်းကို မော်တော်ကားတွေနဲ့ ပုံဖော်ပြီး မာစီဒီကားကုမ္ပဏီက ကွယ်လွန်သူ ဘတ်စကက်ဘော အကျော်အမော်ကို ဂုဏ်ပြုခဲ့ပါတယ်။  အဲဒီတိုက်နဲ့ ဘလောက်အနည်းငယ်အကွာ Staples Center ဘတ်စကက်ဘောရုံ ဝန်းကျင်မှာတော့ ဘရိုင်းယန့် ပရိသတ်တွေနဲ့ ပြည့်လျှံနေပါတယ်။  ဘရိုင်းယန့် ဂျာစီအကျီတွေနဲ့ တီရှပ်တွေ ဝတ်ဆင်ထားတဲ့ ပရိသတ်တွေဟာ အဲဒီနေရာမှာ ပန်းစည်းတွေချပြီး ယာယီစိုက်ထူထားတဲ့ ဘုတ်ပြားတွေမှာ  သတင်းစကားတွေ ရေးခဲ့ပါတယ်။ တချို့ကလည်း ကွယ်လွန်သူ ဘတ်စကက်ဘော အကျော်အမော် ဘရိုင်းယန့် အကြောင်းကို ဝေမျှကြပါတယ်။ အဲဒီနောက် ဘရိုင်းယန့် ကွယ်လွန်ပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတဲ့   လိတ်ကာစ်အသင်းပွဲမတိုင်မီ အသင်းရှေ့တန်းလူ လက်ဘရွန်ဂျိမ်းစ်က ဘရိုင်းယန့်ကို ဂုဏ်ပြုတဲ့ ဝမ်းနည်းဖွယ် မိန့်ခွန်းကို ပြောခဲ့ပါတယ်။  ဂျိမ်းစ်က ရဟတ်ယာဉ်ပျက်ကျရာမှာ ကွယ်လွန်ခဲ့သူ ၉ ယောက်စလုံးရဲ့ နာမည်တွေကို ဖတ်ကြားခဲ့ပါတယ်။  ဇန်နဝါရီ ၂၆ ရက်က ရဟတ်ယာဉ်ပျက်ကျရာမှာ ဘရိုင်းယန့်နဲ့အတူ ၁၃ နှစ်အရွယ် သမီး ဖြစ်သူလည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up