ကွန်ပနီ

October 20, 2021

ဘရုဂျက်ကို အနိုင်ယူရန် ကွန်ပနီထံမှ အကူအညီရယူခဲ့ဟု မန်တီးစီးနည်းပြပြော

ဘယ်လ်ဂျီယံကလပ် ဘရုဂျက်ကို အနိုင်ယူဖို့အတွက်  အသင်းရဲ့ ကစားသမားဟောင်း ဗင်းဆင့်ကွန်ပနီဆီကနေ အကူအညီရယူခဲ့တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။ 

ကွန်ပနီဟာ မန်စီးတီးကနေ ထွက်ခွာပြီးနောက် ဘယ်ဂျီယံကလပ် အန်ဒါလက်ချ်မှာ နည်းပြချုပ်အနေနဲ့ တာဝန်ယူကိုင်တွယ်နေတာပါ။ 

ဘရုဂျက်ဟာ ချန်ပီယံလိဂ်အဖွင့် ၂ ပွဲမှာ ပီအက်စ်ဂျီကို တစ်ဂိုးစီ သရေကစားခဲ့သလို လိုက်စ်ကိုလည်း အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ 

ဒါကြောင့် ပွဲမတိုင်ခင်မှာ ကွန်ပနီဆီကနေ အကူအညီရယူခဲ့ပြီး ကွန်ပနီက ဘရုဂျက် အသင်းအကြောင်းကို ပိုမိုသိရှိသူဖြစ်လို့ အချက်အလက်တချို့ရ ရှိခဲ့ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။ 

“သူက ဧရိယာထိပ်ရောက်ရင် သတိပြုဖို့ပြောပြတယ်။ မြန်တဲ့ ခံစစ်မှူးတွေရှိတယ်၊ အထူးသဖြင့် ဘယ်ခြမ်းမှာလို့ ပြောတယ်။ ကျနော်တို့ပွဲကို အကောင်းဆုံး ထိန်းချုပ်ကစားခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။”

မန်စီးတီးဟာ ဘရုဂျက်ကို ၅ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့လို့ ရမှတ် ၆ မှတ်ရရှိထားပြီး အုပ်စု ပထမနေရာက ပီအက်စ်ဂျီနဲ့ ၁ မှတ်အကွာ၊ အုပ်စု ဒုတိယနေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။

1 month Ago

August 18, 2020

မန်စီးတီးက ဒေးဗစ်ဆေးဗားနှင့် ကွန်ပနီတို့၏ ရုပ်တုထုလုပ် ဂုဏ်ပြုမည်

မန်စီးတီးအသင်းဟာ ဒေးဗစ်ဆေးလ်ဗားနဲ့ ကွန်ပနီတို့ရဲ့ ပုံတူရုပ်တုတွေကို အီတီဟတ်ကွင်းရှေ့မှာ ဂုဏ်ပြုထားရှိမယ်လို့ ကြေညာလိုက်ပါတယ်။  အသက် ၃၄ နှစ်ရှိ စပိန်ကွင်းလယ်လူ ဆေးဗားဟာ လိုင်ယွန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မှာပါ။ ၂၀၁၀ ပြည့်နှစ်က ဗလင်စီယာကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆေးဗားလ်ဟာ အသင်းနဲ့ ၁၀ နှစ်ကျော်ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၅ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒေးဗစ်ဆေးလ်ဗားဟာ အသင်းကို ပြောင်းလဲမှုတွေပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပြီး ကလပ်အသင်း သမိုင်းတင်မဟုတ်ဘဲ ပရီးမီးယားလိဂ်မှာပါ မှတ်တမ်းကောင်းတွေ ရှိခဲ့သူဖြစ်လို့ လူငယ်တွေအတွက် အတုယူစရာကစားသမား ဖြစ်ကြောင်း စီးတီးဥက္ကဋ္ဌ အယ်မူဘာရတ်ခ်က ချီးကျူးခဲ့ပါတယ်။  ဆေးလ်ဗားနဲ့ အတုရုပ်တုထုလုပ်ပြီး ဂုဏ်ပြုခံရမယ့် နောက်ခံလူဟောင်း ကွန်ပနီဟာလည်း မန်စီးတီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ် ချန်ပီယံဖြစ်ခဲ့တာပါ။
1 year Ago

နည်းပြတာဝန် အာရုံစိုက်နိုင်ရန် ကစားသမားဘဝက အနားယူလိုက်သည့် ကွန်ပနီ 

အန်ဒါလက်ချ်အသင်းရဲ့ နောက်တန်းကစားသမား ကွန်ပနီဟာ နည်းပြတာဝန်တွေကို အာရုံစိုက်နိုင်ဖို့ အတွက် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။ မန်စီးတီး နောက်ခံလူဟောင်းလည်းဖြစ်တဲ့ ကွန်ပနီဟာ ပြီးခဲ့တဲ့နှစ်မေလက ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းဆီကို ကစားသမား၊ နည်းပြအဖြစ် ပြောင်းရွှေ့ တာဝန်ယူခဲ့တာပါ။ အန်ဒါလက်ချ်အသင်းအတွက် ၁၅ ပွဲ ကစားပေးခဲ့တဲ့ ကွန်ပနီဟာ လာမယ့်ရာသီကစပြီး နည်းပြချုပ်အနေနဲ့ အချိန်ပြည့်တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေလိုချင်တဲ့ အောင်မြင်မှုတွေပေးနိုင်ဖို့အတွက် နည်းပြအခန်းကဏ္ဍကို အချိန်ပြည့် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကွန်ပနီက ပြောပါတယ်။  နည်းပြ ကွန်ပနီရဲ့ အန်ဒါလက်ချ်အသင်းဟာ ဘယ်လ်ဂျီယံ ပရိုလိဂ်မှာ အဆင့် ၈ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။  ကွန်ပနီဟာ မန်စီးတီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားစုစုပေါင်း ၁၀ လုံး ရယူနိုင်ခဲ့ပါတယ်။
1 year Ago
Up